Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ

မကွေးတိုင်း၊စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။

(စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)

မေ -၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။

ဒီကနေ့(မေလ ၄ ရက်)မှာ စလင်းမြို့နယ်က ပျိုးခင်းကုန်းကျေးရွာအုပ်စုပျိုးခင်းကုန်းကျေးရွာနဲ့ စဉ့်တုကန် ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

“ခန့်မှန်းအိမ်ခြေစာရင်းပျိုးခင်းကုန်း ၁၂၀၊ စဉ့်တုကန် ၁၅၀ ခန့်ရှိပါတယ်။အခုလက်ရှိ ညပိုင်းအထိ လောင်ကျွမ်းနေဆဲပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မေလ၁ ရက်ကတည်းက စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ စလင်းမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ရွာမီးရှို့ခံခဲ့ရပြီး သေဆုံးသူ ဒေသခံပြည်သူ ၃ဦးထက်မနည်းရှိတယ်လို့ အသိပေးပါတယ်။

“မပြေးနိုင်လို့ ရွာထဲကျန်ခဲ့တဲ့ ထနောင်းကုန်းက သက်ကြီးရွယ်အိုနှစ်ဦးကို မီးထဲ ထည့်ရှို့သတ်ဖြတ်ခဲ့တယ်။နောက်တစ်ဦးက အမျိုးသားအသက် ၄၀ ဝန်းကျင်။သူ့ကိုက ပစ်သတ်ပြီးမီးထဲ ထည့်တာ”လို့ စစ်တပ်စစ်ကြောင်းသတ်ဖြတ်မှုတွေကို မှတ်တမ်းယူနေတဲ့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အရပ်သားပြည်သူတွေ သတ်ဖြတ်မှုနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာဟာ စစ်တပ်ရဲ့ ခလရ (၂၅၃၊၂၅၄ နဲ့ ၂၅၅)တပ်ရင်းတွေလို့ သူက ဆိုပါတယ်။

ဧပြီ ၃၀ ရက်ကလည်း စလင်းမြို့ကနေ စစ်ကြောင်းထိုးခဲ့စစ်တပ်က ကိုရင်တစ်ပါးနဲ့ ပြည်သူ ၉ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ပြည်သူ့ညီနောင်-စလင်းက မေလ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

“သူတို့(စစ်တပ်) လက်လှမ်းမမီတဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းလမ်းပိုင်းဘေးက ရွာတွေကို ဝင်တာ။အရင်ကလည်း ဝင်ဖူးတယ်။အခုက မီးလောင်ဗုံး၊ဒရုန်းတွေ တော်တော်သုံးတယ်”လို့ စလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိတွေ့မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့လည်း သိရပါတယ်။

မြို့နယ်ပအဖရဲ့ စာရင်းအရ စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာ ၁၅ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဇွန်၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။