Connect with us

Hi, what are you looking for?

သတင်း

ဟားခါးဒေသက ချင်းတပ်စခန်းအချို့နဲ့ ကျေးရွာအချို့ကို စစ်တပ် ဗုံးကြဲ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

(ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - VOC)

ဇွန် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ ၂၆ရက်က ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်စခန်း ၂ခုကို စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်က အခုလို ပြောတာပါ။

တော်လှန်ရေးရဲဘော်အချို့ ကျဆုံးပေမယ့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Chinland ရဲ့ ဖော်ပြချက်မှာတော့ CDF ဟားခါး တပ်စခန်းတွေ ဗုံးကြဲခံရမှုကြောင့် ရဲဘော် ၅ဦး ကျဆုံးခဲ့သလို ဇွန် ၂၇ရက်မှာလည်း စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ကာနန်ကျေးရွာကို စစ်တပ် လေကြောင်း တိုက်ခိုက်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNA) ခမ်းပတ်လှုပ်ရှားတပ်ရင်း မှ ရဲဘော် နှစ်ဦး နဲ့ Zo Army ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Zo Army ကလည်း ရဲဘော် မန်မွန့်တွောင်ဟာ စစ်တပ်ကို တွန်းလှန်ရင်း ဇွန်လ ၂၇ရက်မှာ ကျဆုံးခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန်အသိပေးထားပါတယ်။

ဟားခါးဒေသ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ CDF ဟားခါး တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

Voice of Chinland-VOC ကလည်း CDF ဟားခါး တပ်စခန်း လေကြောင်းတိက်ခိုက်ခံရလို့ ထိခိုက်ကျဆုံးရှိကြောင်း အသိပေးထားပါတယ်။

“အခုတလောဖြစ်တာက ဟားခါး နယ်မြေကဖြစ်ပြီး ကျဆုံးတဲ့ ရဲဘော် အတိအကျ ကျနော်တို့လည်း မသိပါဘူး ခဗျ။ တော်လှန်ရေးအဖွဲ့ လည်ပတ်နေတဲ့ ဆေးရုံငယ် ကို ဒီနေ့ ကြဲသွားတယ်”လို့ ချင်းသတင်းရင်းမြစ်တဦးက စစ်တပ်က အခုရက်ပိုင်းအတွင်း ဟားခါးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ အခြေအနေကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ ဇွန် ၂၈ရက်ညနေမှာ ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာကို လေကြောင်း ဗုံးကြဲခဲ့လို့လူနေအိမ်တွေပျက်စီးခဲ့ကြောင်း VOC က ဖော်ပြပါတယ်။ မာလ်ဆောမ်ရွာက ဆေးရုံကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် ဆေးရုံကိုမထိဘဲ အနီးအနားက လူနေအိမ်တချို့ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ဒုတိယပတ်ကလည်း ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ဇိုဖေဌာနချုပ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ထန်တလန်မြို့နယ်အတွင်းမှာရှိတဲ့ ဇိုဖေတပ်ဖွဲ့ ဌာနချုပ်ကို ဗုံးအလုံး ၆၀ကျော် အသုံးပြု ဗုံးကြဲခဲ့တာဖြစ်ပြီး လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဇိုဖေရမ်းကောင်စီ ကျန်းမာရေးဌာနအတွင်းရေးမှူး အမျိုးသမီး ကျဆုံးခဲ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဇိုဖေတပ်ဖွဲ့ ဌာနချုပ်ကို တိုက်ခိုက်သလို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်လာနိုင်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မကြာသေးမီက ပြောကြားထားပါတယ်။

ချင်းတောင်ပိုင်း မင်းတပ် ၊ ကန်ပက်လက်မြို့တွေကို မြေပြင်ထိုးစစ်မဆင်မီကလည်း လေကြောင်း တိုက်ခိုက်မှု စစ်ဆင်ရေးတွေကို ဦးစွာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်တပ်ဟာ ချင်းမြောက်ပိုင်း ဖလမ်း၊ တီးတိန်၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကို စစ်အင်အားဖြည့်ထားသလို မြို့နယ်အတွင်း နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။