မေ-၃၀၊၂၀၂၆၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေတတိယအပတ်ကစတင်ကာ ဘုတလင်မြို့ပတ်ပတ်လည်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး မြို့ရဲ့ မြောက်ဘက်ကမြောက်ကျီကျေးရွာကိုတပ်စွဲထားတာ ၂ပတ်ခန့်ရှိပြီလို့ သိရပါတယ်။
စစ်တပ်က မြောက်ကျီရွာကနေ တဆင့်အနီးပတ်ဝန်းကျင် ကျေးရွာတွေ စစ်ကြောင်းထိုးတာ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ တွေလည်းပြုလုပ် နေတယ်လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement
“ဒီရွာထဲမှာ အများဆုံးပြည်သူတွေပိတ်မိနေတာရှိတယ်။အဲဒီလူတွေက အခု သူတို့ကို(စကစ)ကို ထမင်းချက် ကျွေးနေရတယ်လို့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့မြောက်ဘက်က မြောက်ကျီ၊နှောရင်း၊သပြေေတာ၊ထတန်းရွာ တွေအပါအဝင် ကျေးရွာ ၁၅ရွာခန့်က ပြည်သူ သောင်းနဲ့ချီပြေး နေရတယ်လို့ သိရပါတယ်။
“ဘုတလင်ကို ဆေးရုံ၊ဆေးခန်းတွေ စာသင် ကြောင်းဖွင့်ဖို့ရာ ရည်ရွယ်ချက်တွေရောကြောင့်ထင်တယ်ဗျ။ဒါကြောင့်မို့ မြို့ပတ်ချာလည် နယ်မြေ ရှင်းလင်းတဲ့ သ ဘောရှိတယ်”လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက လည်းပြောပါတယ်။
ဒီနေ့ မေလ ၃၀ရက်မှာလည်း သပြေတောရွာက နေ အင်အား ၃၀လောက်က အနောက်ဇီးတောရွာဝင်ရောက်နေသလို ရေအိုးစဉ်ဂိတ်က နေတဆင့် မြောက်ဘက်ကို စစ်ကား၂စီးနဲ့ စစ်ကြောင်းပတ် ထိုး နေတယ်လို့ သိရပါတယ်။


















































