Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံကရွာပေါင်း၂၀နီးပါးကို စစ်တပ်မီးရှို့ဖျက်ဆီး ၊စစ်ရှောင်ပြည်သူတွေအကူညီလိုအပ်နေ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်​ကြောင်း​တွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

(မြင်းခြံမြို့နယ်၊မြစ်ကမ်းဘေးရွာတွေကိုမေလအတွင်းကစစ်တပ်မီးရှို့လို့မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-CJ )

မေ-၆၊၂၀၂၆။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်​ကြောင်း​တွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

မြင်းခြံမြို့နယ်မှာဧပြီလအတွင်း စစ်တပ်က ဖက်ပင်အိုင်၊အိုင်းမ၊ကျောင်းဖြူကန်၊တူရွင်းဘို့၊ကျီးပင်ကန်၊ဆိတ်ကုန်း၊ထိန်ပန်း၊ရွာသစ်၊ရဲတိုင်၊မြို့ကြီးကုန်း၊မြောက်ရွာလေး၊ပျိုးကန်၊ပျားရွာ စတဲ့ ကျေးရွာ ၁၅ရွာကိုစစ်​ကြောင်းထိုး မီးရှို့ဖျက်ဆီးအကြမ်းဖက်ခဲ့ပါတယ်။

မေလအတွင်းမှာလည်း မရိုးကုန်း၊ဆင်ချောင်းရွာ​တွေကိုစစ်​ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က မြင်းခြံမြို့နယ်အရှေ့ခြမ်းကနေ အနောက်ခြမ်းအထိ ဧပြီလအတွင်းမှာ စစ်ကြောင်းထိုးခဲ့တာက​နေ မေလမှာမြစ်ကမ်းအနီး ကျေးရွာတွေအထိဆက်တိုက်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးလာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဒါ​ကြောင့်ဒေသခံ သောင်းနဲ့ချီ​ဘေးလွတ်မယ်ထင်ရာကိုထွက်ပြေးတိမ်း ရှောင် နေရပါတယ်။

စစ်တပ်က ရွာလုံးကျွတ် မီးရှို့မှု တွေနဲ့ နေအိမ်အတွင်းကပစ္စည်း တွေကိုပါသယ်ယူတာကြောင့် ဒေသခံ တွေမှာ စားစရာပြတ်လပ် ၊​နေစရာမရှိတဲ့အထိဖြစ်လာတယ်လို့ ‌‌ စစ်ရှောင်ကူညီ နေသူတွေကလည်း ပြောပါတယ်။

“ရွာထဲက ထွက်ပြေးတဲ့အချိန်ဆန် လေး တွေသယ်လာကြတဲ့သူ တွေကလည်းရှိ တဲ့ဆန် လေး တွေချက်စားပေါ့။တချို့ကြလည်း ရက်ရှည်စစ် ရှောင်လာရတော့ ဆန်ကုန်ပြီး ပဲပါရင် ပဲနဲ့ဆန်ရော ပြုတ်စားရတာ တွေအထိရှိလာကြတယ်”လို့ စစ်ရှောင် ​တွေကိုကူညီနေသူတဦးကပြောပါတယ်။

အခုရက်ပိုင်းအတွင်းရာသီဥတု အပြောင်းအလဲ ကြောင့် ယာယီနေထိုင်ဖို့မိုးကာ​တွေလည်းလိုအပ် နေတယ်လို့ဆိုပါတယ်။

အရင်က စစ်တပ်က တရွာကိုစစ်​ကြောင်းထိုးရင် ​ဒေသခံပြည်သူ​တွေက နောက်တရွာကို ထွက်ပြေးပြီးစစ်​ရှောင်ကြသလို ၊ဒေသခံအချင်းချင်းကူညီ နိုင် ပေမယ့် ဧပြီလကစပြီး မြင်းခြံမြို့နယ်မှာ စစ်တပ်ကရွာစဉ်ဆက်တိုက် စစ်ကြောင်းထိုးနေတာမို့ ဒေသခံရွာအားလုံးနီးပါးမီး ဘေးသင့်ကာ တရွာနဲ့တရွာ မကူညီနိုင်ဖြစ် နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ပြည်သူ​တွေအ​နေနဲ့‌မီးဘေးသင့်စစ်ရှောင် တွေကိုကူညီလိုပါက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့​​တွေကတဆင့်ကူညီပေး နိုင်သလို စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်း တွေကိုဆက်သွယ်ကူညီပေး နိုင်တယ်လို့လည်း ​စစ်​ဘေး​ရှောင်​တွေကိုကူညီ​နေသူ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

သတင်း

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

Facebook