Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်က ကျေးရွာကို စစ်တပ်က ညအချိန် လေယာဉ်အုပ်နဲ့ ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေ၊ နေအိမ် ၃၀ ကျော် ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၇၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဘောသို့ထကျေးရွာဟာ KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မူတြော်ခရိုင် ဒွဲ့လိုးမြို့နယ်ထဲက ရွာဖြစ်ပြီး စစ်တပ်က ဩဂုတ် ၅ရက် ည ၉နာရီကစပြီး တိုက်လေယာဉ်၊ Y12 လေယာဉ် တို့နဲ့ ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။

တိုက်လေယာဉ် ၂စင်းက ကျေးရွာအတွင်းကို ပေါင် ၅၀၀ ဗုံး ၄လုံး ဦးစွာ ကြဲချခဲ့ပြီး Y12 လေယာဉ်က ၁ကြိမ် ဗုံးသီး ၄လုံးနဲ့ တိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ကြောင်း KHRGက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

“အရပ်သားတစ်ဦး၏ အဆိုအရ လေကြောင်းတိုက်ခိုက်မှု မတိုင်မီက အရပ်သားအများစုသည် ယခင်က တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်းတွင် မနေရဲကြတော့ဘဲ ကျေးရွာအပြင်သို့ တိမ်းရှောင်ပုန်းအောင်းနေထိုင်ခဲ့ကြပြီးဖြစ်သည်။ လူကြီးအချို့သာ ညဘက်တွင် နေအိမ်၌ ပြန်အိပ်ခဲ့ကြသည်။ ထိုသို့ တိမ်းရှောင်ပုန်းအောင်းမနေခဲ့ပါက ဤလေကြောင်းတိုက်ခိုက်မှုအတွင်း ဖြစ်ပေါ်လာမည့် ထိခိုက်သေဆုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည် မတွေးရဲစရာပင်ဖြစ်သည်ဟု အရပ်သားတစ်ဦးက ပြောကြားခဲ့ပါသည်။” လို့ KHRGက ထုတ်ပြန်ပါတယ်။

အခု ဗုံးကြဲခံရလို့ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခက်အခဲများ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၂ လုံးနဲ့ ဓမ္မရုံနှစ်ဆောင် ထိခိုက်ပျက်စီးခဲ့ရာ အဲဒီအထဲက နေအိမ် ၂၇ လုံးဟာ လုံး၀ ပျက်စီးသွားကာ ပြန်ပြင်မရနိုင်တော့ဟု အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာနဲ့ ခရိုင်အသီးသီးက အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီးတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

KNU တပ်မဟာ(၆)နယ်မြေက ကျေးရွာအချို့ကိုလည်း စစ်တပ် လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသာအစည်းအရုံး(KNU) က အသိပေးထားပါတယ်။

တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်က ဝင်းရေးမြို့နယ်နဲ့ ကျုံဒိုးမြို့နယ်က အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ် ၃ရက်က ဝင်းရေးမြို့နယ် လို့ရှားရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့နေအိမ် ၁လုံးပျက်စီးခဲ့သလို ဒေသခံရဲ့ စိုက်ပျိုးရေးခြံတွေလည်း ပျက်စီးမှုရှိခဲ့ပါတယ်။

ဩဂုတ် ၁ရက်ကလည်း ကျုံဒိုးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) လက်အောက်ခံ တပ်သစ်အမြောက်ကုန်းက (၁၂၂) မမ လက်နက်ကြီးနဲ့ အရပ်သားပြည်သူနေထိုင်ရာ ရွာတွေကို ပစ်ခတ်ခဲ့ရာ ကော့ဖောင်းရွာရှိ ပြည်သူ နေအိမ် ၁လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

ကျေးရွာအပြင်ဘက်ရှိ ပြည်သူပိုင် လယ်ယာမြေများအတွင်းသို့လည်း စစ်တပ်လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်ခြင်းမရှိဘဲ အရပ်သားတွေကို တိုက်ခိုက်တာ ၊ ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေကြောင်း KNU က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။