Connect with us

Hi, what are you looking for?

LuduNwayOo

All posts tagged "ကျေးရွာ"

သတင်း

ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မတ်လ(၂၀)ရက် ညနေပိုင်းက တိုက်လေယာဉ်နှင့်(၉)ကြိမ်ခန့် လာရောက်ခဲ့ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

သတင်း

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ(၂၇)ရက် က စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှနေ၍ စစ်တပ်ကလက်နက်ကြီး(၆)ချက်ခန့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မတ်လ ၄ရက်နှင့် ၅ရက်တို့တွင် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲရွာတို့အား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

တည်တောရွာ၊ မုဆိုးခြုံဘူတာရွာနှင့် အောင်ချမ်းသာရွာများရှိ အိမ်ခြေအချို့မီးရှို့ဖျက်ဆီးခံထားရပြီး အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရသည်။ ထိုစစ်ကြောင်းများကြောင့် ဝက်လက်နယ်ရှိ ရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

ဖေဖော်ဝါရီ ၁၅ရက်က စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ပန်းလှိုင်ရွာနှင့် မုန့်စီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပလိုင်းကျေးရွာသို့ ဝင်ရောက်နားချိန် နံနက် ၇ နာရီခွဲအချိန်ကစ၍ (၆၀)မမ လက်နက် အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင်လည်း ငွေသာရွာကို ထပ်မံမီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဇန်နဝါရီ ၂၃ ရက်နှင့်၂၅ ရက်က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ယင်းမာပင်မြို့နယ်ရှိ အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း၊ကျောက်မှော်၊ ထန်းတောကြီး၊ စည်လှောင်ချောင်းနှင့် မြရိပ်ကျေးရွာတို့အား ဆက်လက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

သတင်း

"စစ်ကောင်စီကတော့ သူတို့ကို ဘယ်အဖွဲ့ကပဲ ပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာလို့ပြောတယ်။ သူတို့အဲ့လိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခုဆို သက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲကျန်ခဲ့တယ်" ဟု ဝင်းကံရွာသားတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လတ်တ‌လော စာမူများ

Facebook