သတင်း ဟားခါးမှ ထန်တလန်သို့ စစ်ကောင်စီတပ်များ ဆက်လက်စစ်ကြောင်းထိုးနေ၊ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု CNF ပြော စစ်ကောင်စီတပ်သည် ပလက်၀မြို့နယ် ရှင်းလက်၀နှင့် ဆင်အိုး၀ကြား၌ စစ်ကောင်စီတပ်က တပ်စခန်းချရန် ပြင်ဆင်နေကြောင်း သတင်းရသည် ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ရေစကြိုတွင် စစ်ကောင်စီတပ်အား မိုင်းအတုဖြင့်မျှားပြီး မိုင်းအစစ်ဖြင့် ဖောက်ခွဲတိုက်ခိုက် မိုင်းအတုမှန်းသိ၍ ပစ်ခတ်ပြီးအပြန် မိုင်းအစစ် နားအရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း YRGက ပြောသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ဖရူဆိုမြို့အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ရင်း (၁၁၀၁) ထုတ်ပြန် ဇူလိုင် ၃၀ ရက်ကစ၍ စစ်ကြောင်း နှစ်ကြောင်းဖြင့်ထိုးစစ်ဆင်၍ စနိုက်ပါဖြင့် နှိမ်နင်းသုတ်သင်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း တွံတေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်း ယမန်နေ့ (သြဂုတ် ၁ ရက်)ည ၈ နာရီခွဲခန့်က တွံတေးမြို့ ကရင်ချောင်း ကျေးရွာအုပ်စု၊ ဘီခိုကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သော အုပ်ချုပ်ရေးမှူး သိန်းဝင်း(ခ) ငပူးအား ၎င်းနေထိုင်ရာကျေးရွာအထိသွားရောက်ပြီး အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို PDFများက မိုင်းဆွဲတိုက်ခိုက် စစ်ကောင်စီတပ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်သား ၂၀ခန့်ပါဝင်ပြီး ထားဝယ်ပြည်သူ့ကာကွယ်ရေးဖွဲ့(DGRF)၊ရေဖြူ (ပကဖ)ဝေဟင်တပ်စု ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ စစ်ကောင်စီတပ်သည် ဇွန်လ ၂၅ရက်ကလည်းအဆိုပါဒေသရှိ ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျတ်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ်ခြင်းများကြောင့် ထုံးဘိုလေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 1, 2022
သတင်း ပျူများကိုလက်နက်ပေး၍ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ဖြင့်စစ်ကောင်စီ အစားထိုးရန်ကြိုးပမ်းနေ ဇူလိုင် ၃၀ရက်ကလည်းမန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ ပျူစောထီးများကို စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ပေး ကာ သေနတ်နှင့်ကျည်များ ပေးအပ်ခဲ့သည်ဟု Mandalay Free Press-MFPသတင်းဌာနက ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 1, 2022
သတင်း မန္တလေးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေး စစ်အုပ်စုရဲ့သတင်းဖြန့်ချက်အရ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ အခမ်းအနားလုပ်ပြီး လက်နက် တပ်ပေးခဲ့တာလို့သိရပါတယ်။ LuduNwayOoဩဂုတ် 1, 2022
သတင်း ကရင်နီပြည်တွင် ဇူလိုင်တစ်လတာအတွင်း တိုက်ပွဲ(၄၈)ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ၈၈ဦးသေ ဇူလိုင်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂၁)ကြိမ်တိုက်ခိုက်ခဲ့ပြီး လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့ကာ စစ်ကြောင်းထိုးစဥ် ပြည်သူနေအိမ် တစ်လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဩဂုတ် 1, 2022
သတင်း မန္တလေး မြောက်ပြင်က နေအိမ်တစ်အိမ် ကို စစ်ကောင်စီတပ်ဝင်စီးပြီး လူငယ်အချို့ကိုဖမ်းဆီး အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနဲ့ ၈ လမ်းမှာရှိတဲ့နေအိမ်ကို ဝင်စီးကာ လူငယ် ၁၀ ဦးခန့်ဖမ်းဆီးသွားတာလို့ သိရပါတယ်။ LuduNwayOoဩဂုတ် 1, 2022