Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနယ် လက်ပန်ကျင်းရွာတွင် စစ်ကောင်စီတပ်က ကလေးငယ် ၆၀ကျော်ကိုဖမ်းဆီးထားဆဲ

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့မွန်းလွဲပိုင်းက မြင်းမူနှင့်မြောင်နယ်တွင် ပျံသန်းနေသော အကြမ်းဖက်စစ်တပ်၏ လေယာဥ်များ၊ ဓာတ်ပုံ - CJ
ယနေ့မွန်းလွဲပိုင်းက မြင်းမူနှင့်မြောင်နယ်တွင် ပျံသန်းနေသော အကြမ်းဖက်စစ်တပ်၏ လေယာဥ်များ၊ ဓာတ်ပုံ - CJ

▪️လေယာဥ်ဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံး၊ ပြည်သူငါးဦး သတ်ဖြတ်ခံထားရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ လက်ပန်ကျင်းကျေးရွာကို လေယာဥ်ဖြင့်ပစ်ခတ်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ခြောက်ဦးထက်မနည်း သတ်ဖြတ်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးငယ် ၆၀ ကျော်ကိုပါ ဖမ်းဆီးထားပြီး ယနေ့မွန်းလွဲပိုင်းအထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့နံနက်ပိုင်းကတည်းက လက်ပန်ကျင်းကျေးရွာကို ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် KGတန်း ကလေး ၆၀ ကျော်နှင့် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်ကိုပါ ဖမ်းဆီးထားပြီး ယနေ့ (သြဂုတ်၂ရက် ) မွန်းလွဲပိုင်းအထိ လွတ်မြောက်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

မြင်းမူနှင့် နယ်မြေချင်းထိစပ်နေသည့် မြောင်နယ်မှ CDSOMအဖွဲ့ဝင် ကိုနွေဦးမြောင်က “မြင်းမူလက်ရှိအခြေအနေကတော့ စိတ်မကောင်းစရာပါ။ စာသင်နေတဲ့ ကလေးလေး ၆၀လောက်လဲ မနေ့ထဲက ပိတ်မိနေရှာတာ အခုထိပဲ။ကလေးတွေအများဆုံးက KG တန်းတွေ ဘယ်လိုများ နေကြရှာမလဲ မသိဘူး။ ရွာသူ ရွာသားတွေလဲ ၁၀၀ လောက် ဖမ်းထားတယ်။ ​ွေးတွေလက်ထဲမှာ အချိန်မရွေးတစ်ခုခုလုပ်ပစ်နိုင်ပါတယ်။”ဟု ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် ၊ လက်ပံကျင်းရွာကို ယမန်နေ့ (သြဂုတ် ၁ရက်) နံနက်၁၁နာရီခွဲဝန်းကျင်က Mi- 35 တစ်စီိး ၊ ရိုးရိုး သုံးစီးနှင့် ၁နာရီကျော်ကြာအောင် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ခြင်းဘဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်းတို့၏ ပစ်ခတ်မှုကြောင့် ကွမ်းစိုက်တောင်သူ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ပြီး ဝမ်းဗိုက်ထိမှန်သူမှာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က ကျေးရွာနေပြ​ည်သူ တစ်ရာကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး ဒေသခံ ပြည်သူ ငါးဦးကို သတ်ဖြတ်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်က သတ်ဖြတ်ထားသူ ငါးဦးသ​ည် PDFများမဟုတ်ဘဲ သာမန်ပြည်သူများဖြစ်ကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

စစ်ကောင်စီတပ်သည် လက်ပန်ကျင်းရွာရှိ ကွမ်းခြံများကိုလည်း မီးရှို့ဖျက်ဆီးနေပြီး ကား ငါးစီးနှင့် ဆိုင်ကယ်အစီး ၃၀ ကျော်ကို သိမ်းဆည်းထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။