Connect with us

Hi, what are you looking for?

သတင်း

ရွှေနံ့သာရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား ကိုအမည်မသိအဖွဲ့ကပစ်ခတ်ရှင်းလင်း

ဒေသခံများ၏ ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူးဝင်နိုင်ထွန်းသည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး ဒေသခံပြည်သူများအပေါ်တွင်နိုင်ထက်စီးနင်းပြုမှုတတ်သူဖြစ်ကြောင်း သိရသည်။

ရွှေနံ့သာရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား ကိုအမည်မသိအဖွဲ့ကပစ်ခတ်ရှင်းလင်း
ရွှေနံ့သာရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား ကိုအမည်မသိအဖွဲ့ကပစ်ခတ်ရှင်းလင်း

မဂ်လာဒုံ၊ ပုလဲမြို့သစ်၊ သဃ်န်းကျွန်းကြီးရပ်ကွက်တွင်ကိုယ်ပိုင်ကားဖြင့်လာသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယားကို အမည်မသိအဖွဲ့အစည်းတစ်ခုကပစ်ခတ်ရှင်းလင်းလိုက်ကြောင်းဒေသခံများကပြောသည်။

သဃ်န်းကျွန်းကြီးရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်အနီးတွင် ယနေ့(သြဂုတ် ၂)နံနက် ၉ နာရီခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် ပတ်ခတ်သံများကြားရကြောင်းဒေသခံများကပြောသည်။

ထောက်ကြံ့မြို့၊ ရွှေနံ့သာရပ်ကွက်မှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဝင်းနိုင်ထွန်းနှင့်ဇနီး ဟေမာလွင်တို့နှစ်ဦးသည် ပုလဲမြို့သစ်၊ သဃ်န်းကျွန်းကြီးဘက်သွားစဥ် ၎င်းတို့ယာဥ်ရှေ့နားတွင် ပေါက်ကွဲမှုဖြစ်၍ကားရပ်လိုက်သည်တွင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဝင်းနိုင်ထွန်းနှင့်ဇနီးမှာ ယာဥ်ပေါ်မှာပင်သေဆုံးသွားပြီးအခင်းဖြစ်နေရာသို့စစ်ကောင်စီတပ်များရောက်ရှိလာကာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယားအား ပစ်ခတ်ရှင်းလင်းမှုနှင့်ပတ်သက်ပြီးသြဂုတ် ၂ ရက် ညပိုင်းအချိန်အထိမည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သည်ဆိုခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးထုတ်ပြန်ခြင်းမရှိသေးပေ။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကမူ “ထောက်ကြံအုပ်ချုပ်ရေးမှူးနဲ့ သူ့မယား ဒွမ်တော့၊ နှစ်ဒွမ်”ဟု ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားသည်ကို တွေ့ရသည်။

ဒေသခံများ၏ ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူးဝင်နိုင်ထွန်းသည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး ဒေသခံပြည်သူများအပေါ်တွင်နိုင်ထက်စီးနင်းပြုမှုတတ်သူဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook