Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်းတဝိုက်တွင် နှစ်ရက်ဆက်တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ် အကျအဆုံးများစွာရှိဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

▪️ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့

▪️စစ်ကောင်စီတပ် စစ်ကြောင်းများ ဖွဲ့စည်းပုံပျက်ယွင်းသည်အထိ သေဆုံး၊ ဒဏ်ရာရပြီး ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်းများရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် မြဝတီ – ဝေါ်လေ ကားလမ်းမ အနီး သုံးထပ်ကွေ့နှင့် ဆက်စပ်နေရာများအား အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ယနေ့ နံနက်အစောပိုင်းမှ ညပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၇ရက်မှ စတင်ကာ စစ်ကြောင်းများစွာဖြင့် ကျူးကျော်ရန် နေ့စဉ် ကြိုးစားခဲ့သည့် စစ်ကောင်စီတပ်ကို ကော်ဘရာ စစ်သည်များက တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်များ မည်သည့်နေရာမျှ မသိမ်းပိုက်နိုင်ဘဲ တပ်ရင်းများ၊ စစ်ကြောင်းများ ဖွဲ့စည်းပုံပျက်ယွင်းသည်အထိ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ကျဆုံးခြင်း၊ ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက အသိပေးသည်။

ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ယနေ့တွင်လည်း ညပိုင်း သတင်းထုတ်ပြန်ချိန်အထိ စစ်ကောင်စီ တပ်များနှင့် တိုက်ပွဲဖြစ်ပွား နေကြောင်း၊ ညနေ ၄နာရီ ခန့်တွင် တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှု များပြားလျက်ရှိပြီး အရေအတွက် အတည်မပြုနိုင်သေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တိုက်ပွဲ၌ ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိသော်လည်း ယနေ့ ဩဂုတ် ၂ရက်တိုက်ပွဲ၌ ကော်ဘရာစစ်သည် ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။