Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့နယ်အင်ဝမ်းယန်စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတစ်ခုကို KIAသိမ်းပိုက်

ယနေ့ (ဩဂုတ် ၂ရက် )မနက်ပိုင်းကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထိုင်ထားသည့် စခန်းကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြသည်။

ဝိုင်းမော်မြို့နယ်အင်ဝမ်းယန်စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတစ်ခုကို KIAသိမ်းပိုက်
ဝိုင်းမော်မြို့နယ်အင်ဝမ်းယန်စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတစ်ခုကို KIAသိမ်းပိုက်

● လက်နက်ခဲယမ်းအချို့ရပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ဟုအသိ​ပေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ အင်ဝမ်းယန် ရန်သူ့တပ်စခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ယနေ့ (ဩဂုတ် ၂ရက် )မနက်ပိုင်းကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်းထိုင်ထားသည့် စခန်းကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန အချို့က ဖော်ပြသည်။

KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေ ကန်ပိုက်တီ ဒေသရှိ အင်ဝမ်းယန်ရွာအနီး တပ်စခန်းချနေသည့် ရန်သူ့စခန်းကို တိုက်ခိုက်ချေမှုန်းနိုင် ခဲ့ကြောင်း KIAက ဖော်ပြရာ၌ ရန်သူများ၏ လက်နက်ခဲယမ်း အချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက အသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

နေ့လည်ပိုင်း၌ ဝိုင်းမော်ရှိ စစ်ကောင်စီ၏ ခလရ(၅၈)မှ အင်အား ၅၀ ခန့်ဖြင့် အင်အားဖြည့်လာ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ၌နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုKIAသတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်က စစ်ကောင်စီနှင့် ဦးရွှေမင်း ဦးဆောင်သည့် လီဆူ ပြည်သူ့စစ်တပ်များ ပူးပေါင်း၍ KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် KIAကပြည်သူ့

စစ်နှင့် စစ်ကောင်စီ ပူးပေါင်းထိုင်ထားသည့် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်