Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် လေးရက်အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်၊ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၅ဦးခန့်သေဟုဆို

ယနေ့(သြဂုတ်၂ရက်)တွင်မူ အဆိုပါအကြမ်းဖက်စစ်ကြောင်းသ​ည် ဒီပဲယင်းမြို့တော်ခန်းမအတွင်းသို့ ပြန်ဝင်ကာ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော တင်းတိမ်ရံရွာမြင်ကွင်း၊ ဓာတ်ပုံ-အဖြူရောင် DPY
အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော တင်းတိမ်ရံရွာမြင်ကွင်း၊ ဓာတ်ပုံ-အဖြူရောင် DPY

ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဒေသတွင်း PDF များ လေးရက်အတွင်း တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၂၅ ဦးခန့် သေဆုံးကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို ဇူလိုင်၂၈ရက်မှ ၃၁ရက်အထိ အင်အား ၁၄၀ခန့်ဖြင့် စစ်ကြောင်းထိုး အကြမ်းဖက်ခဲ့သည်။

တင်းတိမ်ရံကျေးရွာကို သုံးရက်တိုင် မွှေနှောက်ဖျက်ဆီးခဲ့ပြီး စျေးဆိုင်ခန်းပေါင်း ၂၀၀ကျော်၊ နေအိမ်၁၀၀ ကျော်နှင့် ကား၊ သုံးဘီး အစရှိသည့်ပစ္စည်းများအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အဆိုပါ စစ်ကြောင်းနှင့် ဒေသတွင်း ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော DRPA ၊FRF၊KUGF ၊ Hero Army ၊ ဗိုလ်လရောင်(LDF)၊ ရွှေဘိုခရိုင်ရင်း(၁၂)၊ ဒေသခံကာကွယ်ရေးအဖွဲ့များပါသော ပူးပေါင်းတပ်နှင့် ဇူလိုင်၂၈ ရက်မှ ၃၁ ရက်အထိ ခြောက်ကြိမ်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DRPA အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဘက်က စစ်ဗိုလ်တစ်ဦး အပါအဝင် ၂၅ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း DRPAက အသိပေးသည်။

ပူး‌ပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိဟု DRPAက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သည် ရေဦးမြို့နယ် အနောက်ခြမ်းကျေးရွာများဖြစ်သည့် သံသည်၊ဇဝ၊ နှောကုန်း၊ ကုန်းတန်း၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ မဲအိုး၊ ဖလံဂုဏ်၊ ကံပေါက်၊ ကုန်းသာ၊ ပေါက်တော၊ မြို့ကြီး၊ ထန်းတော၊ တင်းတိန်ရံ စသည့်ကျေးရွာများကို ဇူလိုင်၂၈ရက်မှစ၍ ပစ်ခတ်ဝင်ရောက်ကာ မွှေနှောက်ဖျက်ဆီး ခိုးယူမှုများ ပြုလုပ်ခဲ့သည်။

ယနေ့(သြဂုတ်၂ရက်)တွင်မူ အဆိုပါအကြမ်းဖက်စစ်ကြောင်းသ​ည် ဒီပဲယင်းမြို့တော်ခန်းမအတွင်းသို့ ပြန်ဝင်ကာ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook