Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်အကြား ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းရဟု CDF – ဇိုဖေအသိပေး

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်-CDF(ဇိုဖေ)
ချင်းကာကွယ်ရေးတပ်-CDF(ဇိုဖေ)

ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအောက်ပိုင်းတွင် ယမန်နေ့ (ဩဂုတ် ၁ရက်)က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း တစ်လောင်း ရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-CDF(ဇိုဖေ)က ထုတ်ပြန်သည်။

CDF-ဇိုဖေ၏ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journal က မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့သည်။ ဇူလိုင် ၃၀ရက် တိုက်ပွဲ၌ အထိနာပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ် သည် ဟားခါးဘက်သို့ မပြန်ဘဲ အဆိုပါဒေသ၌ ဆက်လက်ရှိနေခဲ့ကြောင်း၊ ဩဂုတ် ၁ရက် မွန်းလွဲ ၂နာရီတွင် တိုက်ပွဲစတင်ခဲ့ရာ ၆နာရီ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် စစ်သားအလောင်းတစ်လောင်းအား တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဖက်က ရရှိသော်လည်း ညပိုင်းဖြစ်၍ စစ်ကောင်စီဘက်က အခြား သေဆုံးထိခိုက်ရှိ၊မရှိမသိနိုင်ဟု CDF- ဇိုဖေက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် သီမစ်ဒေသ၌ အခြေချနိုင်ရန် တပ်အင်အား ဖြည့်တင်းမှုများ ဆက်လက် ပြုလျှက်ရှိ၍ ပြည်သူများအနေဖြင့် သီမစ်-ကြောင်ထီးယားရွာအကြားနှင့်ဟားခါး-ထန်တန် အကြားတွင် ခရီးသွားလားခြင်းမပြုကြရန် CDF – ဇိုဖေက ထုတ်ပြန်ထားသည်ဟု The Chin Journalက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook