Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်

“သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်”ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

အုတ်ဖိုမြို့နယ်
အုတ်ဖိုမြို့နယ်

စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သုံးဦးသေဟုဆို

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ (သြဂုတ် ၁)ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယမန်နေ့ မွန်းလွဲပိုင်းက အုတ်ဖို့မြို့နယ်၊ ဝိုင်းအုပ်စု၊ ကန့်နီရွာအနီး ကားသုံးစီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး (ဗျူဟာမှူး စုံစမ်းဆဲ) အပါအဝင် သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်”ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

အထက်ပါ ကန့်နီရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူးခင်စိန်အား သာယာဝတီခရိုင် PDF တပ်ရင်းနှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၃၁ ရက်တွင် သုတ်သင်ရှင်းလင်းခဲ့ရာ နောက်တစ်နေ့ ဖြစ်သည့် သြဂုတ် ၁ရက်တွင် ကန့်နီရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရ၍ အရာရှိအပါအဝင် သုံးဦးသေဆုံးခဲ့သော စစ်ကောင်စီတပ် သည် တပ်မ (၆၆)လက်အောက်ခံ အုတ်ဖိုမြို့နယ်အခြေစိုက် အမှတ်(၆) တပ်ရင်းမှဖြစ်ကြောင်း ယာယာဝတီခရိုင်း PDF တပ်ရင်းက အသိပေးသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) အမှတ်(၂)တပ်နှင့် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။