Connect with us

Hi, what are you looking for?

သတင်း

ရေဖြူနယ် ဝက်ချောင်းတံတားအနီး စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ၃၀ခန့်သေဟုဆို

ရေဖြူမြို့နယ်ရှိ အထက်ပါတိုက်ခိုက်မှုများကို DGRF ၊ လောင်းလုံ(ပကဖ)LLPDF ၊ T-PDF စသည့်မဟာ မိတ်တပ်များမှ အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(ရေဖြူနယ် ဧကနိနှင့် ခမောင်ချောင်းရွာများတွင် စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ - CJ)
(ရေဖြူနယ် ဧကနိနှင့် ခမောင်ချောင်းရွာများတွင် စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ - CJ)

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဝက်ချောင်းတံတားအနီး အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၃၀ဦးခန့်သေဆုံးကြောင်း Dawei Guerrilla Revolutionary Force – DGRF နှင့်မဟာမိတ်များက ယနေ့(သြဂုတ် ၂)ထုတ်ပြန်သည်။

ရေဖြူမြို့နယ် ဧကနိ-ခမောင်ချောင်း ကျေးရွာများသို့ ဝင်ရောက်သောင်းကျန်းဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို ဇူလိုင် ၃၁ရက် ည ၇နာရီခွဲခန့်တွင် DGRF နှင့် မဟာမိတ်တပ်များက မိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် Vigo တစ်စီးနှင့် မြေတင်ကားတစ်စီး မိုင်းထိမှန်ကာ လုံးဝထိုးရပ်သွားပြီး ထိုယာဥ်နှစ်စီးမှာ ပစ်ကွင်းအတွင်း ရောက်ရှိနေရာ (၄၀)မမအပါအဝင် လက်နက်ငယ်များဖြင့် ၈မိနစ်ခန့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၁ ရက် မြေပြင်သတင်းစုံစမ်းမှုများအရ အထက် ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၃၀ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တိုက်ခိုက်မှုကတော့ စီစဉ်ထားတဲ့အတိုင်း အကွက်ကျကျအောင်မြင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်သားတွေအတွက် ထားဝယ်ခရိုင်ထဲ ခြေလှမ်းတဲ့ နေရာတိုင်းမှာ DGRF ရဲဘော်တွေက ငရဲပို့ပေးဖို့ အသင့်စောင့်နေတယ်ဆိုတာ သိစေလိုတဲ့ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”DGRF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(ရေဖြူနယ် ဧကနိနှင့် ခမောင်ချောင်းရွာများတွင် စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ - CJ)
(ရေဖြူနယ် ဧကနိနှင့် ခမောင်ချောင်းရွာများတွင် စစ်ကောင်စီတပ်ဖျက်ဆီးခဲ့သော နေအိမ်များ၊ဓာတ်ပုံ – CJ)

ထို့အပြင် ယမန်နေ့(သြဂုတ် ၁)နေ့လယ် ၂ နာရီခွဲခန့်တွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်မှ ယာဥ်ခုနစ်စီးကို ရေဖြူမြို့နယ် သဗြေဇွန်းရွာအနီးတွက် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုတွင် နည်းပညာစနစ်ချို့ယွင်းအားနည်းမှုကြောင့် ထိချက်အနည်းငယ်လွဲသွားပြီး စစ်ကောင်စီတပ်များ လွတ်သွားခဲ့ကြောင်း ဖော်ပြသည်။

ရေဖြူမြို့နယ်ရှိ အထက်ပါတိုက်ခိုက်မှုများကို DGRF ၊ လောင်းလုံ(ပကဖ)LLPDF ၊ T-PDF စသည့်မဟာ မိတ်တပ်များမှ အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။