သတင်း စစ်ကောင်စီတပ်ကမေလတစ်လတည်းနေအိမ်ပေါင်း ၇၁၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ ခုခံတွန်းလှန်စစ်အားကောင်းတဲ့ဒေသတွေကိုအကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက်မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး စစ်ကိုင်းတိုင်ကနေအိမ်အဆောက်အအုံးပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံးပါ။ မကွေးတိုင်းက ၃၁၅၅ လုံးမီးရှို့ဖျက်ဆီးခံရပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။ LuduNwayOoဇွန် 12, 2022
သတင်း စစ်ကောင်စီက သတင်းကိုပြောင်းပြန်ထုတ်ဟု PDFကလေးပြော တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။ LuduNwayOoဇွန် 12, 2022
သတင်း ထယ်ဘွေးစခန်းသို့ အင်အားဖြည့်ရန်လာသည့်စစ်ကောင်စီတပ်ကို မတူပီ CDF တိုက်ခိုက် ၇ဦးသေ မတူပီ CDFသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မတူပီ သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို အသွားခရီး အပြန်ခရီး နှစ်ခုလုံးတွင် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။ LuduNwayOoဇွန် 12, 2022
သတင်း ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဟု မြို့နယ်(ပကဖ)ထုတ်ပြန် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ကသာမြို့နယ်ကို ဦးတည်၍ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများကို ပေါ်တာဆွဲပြီး ၊ပြည်သူယာဉ်များ (ကား၊ဆိုင်ကယ်၊စက်လှေ)များ မတရားချောဆွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။ LuduNwayOoဇွန် 12, 2022
သတင်း ရေလယ်ကျွန်းဒေသသို့လာသောစစ်ကောင်စီတပ်ကိုPDFများပူးပေါင်းတိုက်ခိုက်စစ်သား၁၃ ဦးသေဟုထုတ်ပြန် ဇွန်လ ၇ ရက်နေ့ကမြောင်မြို့နယ်၊ ရေလယ်ကျွန်းဒေသအား အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်အား ရေစကြိုမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးသို့ အရောက်တွင် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 12, 2022
သတင်း ပေါက်နယ်ရှိရွာကို မီးရှိုရန်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးကို PRF တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 11, 2022
သတင်း ကန်ပက်လက် CDF တပ်စခန်း၌ နေရာဝင်ယူထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ် တိုက်ခိုက် ယနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။ LuduNwayOoဇွန် 11, 2022
သတင်း NUGမိုဘိုင်းPayမိတ်ဆက်မည်ဟုသတင်းထွက်ပေါ်လာချိန်တွင်စစ်ကောင်စီကငွေပေးချေမှုစနစ်နှင့်ပတ်သပ်၍ခြိမ်းခြောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။ LuduNwayOoဇွန် 11, 2022
သတင်း မြောင်နယ်သို့ ရောက်နေသော စစ်ကောင်စီတပ်သားသုံးဦး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေ ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 11, 2022
သတင်း ဝကောက်စခန်းအားဝင်စီးသော စစ်ကောင်စီတပ်ကို CDF ကန်ပက်လက် ပြန်လည်ပိတ်ဆို့ထားဟု တပ်မဟာမှူးပြော CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း - ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။ LuduNwayOoဇွန် 11, 2022