Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနယ်တွင်ယမန်​နေ့တစ်​နေကုန်နီးပါးတိုက်ပွဲစစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားဟု မြို့လှKPDFထုတ်ပြန်

ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်​နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိ​ပေးသည်။

(ကချင်​​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KPDF)
(ကချင်​​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-KPDF)

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့က တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် များပြားခဲ့ကြောင်း မြို့လှ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်​နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိ​ပေးသည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၅၀ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူထပ်မံ ရောက်ရှိလာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဇွန်လ ၁၂ရက် ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့ပြီး အသေးစိတ်သတင်းများကို ဆက်လက်ဖော်ပြမည်ဟု အသိပေးထားသည်။ စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။ စစ်​ကောင်စီကလည်းတိုက်ပွဲသတင်းများကိုသတင်းအ​မှောင်ချထား​လေ့ရှိပြီး အထူးသဖြင့် ၎င်းတို့အထိနာလျှင် ထုတ်ပြန်​လေ့မရှိ​ပေ။

မြို့လှ KPDFသည် ဒေသတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီသင်္ဘောများကို မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ