Connect with us

Hi, what are you looking for?

သတင်း

MRA၏ အမျိုးသမီးစစ်သည်စခန်းကိုစီးနင်းဖျက်ဆီး​သောစစ်​ကောင်စီတပ်ကို ဒရုန်းဖြင့်ပြန်တိုက်ရာ ၂ဦး​သေ

မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပြီး၊ ပြည်သူများ အထိအခိုက်မရှိစေရန် ဂရုပြုလုပ်ဆောင်နေသလို ပြည်သူများအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက် ရှောင်ရှားသွားလာကြရန် MRAက နှိုး​ဆော်သည်။

(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)
(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)

အမျိုးသမီးစစ်သည်များ​ဘေးလွတ်ရာတိမ်း​ရှောင်နိုင်ပြီးစစ်တပ်ကပြည်သူကိုဓါးစာခံလုပ်ထား၍ မိုင်းမဆွဲနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်​တွင် အမျိုးသမီးစစ်သည်စခန်းအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့သည့်စစ်​ကောင်စီတပ်အားဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာစစ်သား ၂ဦးသေဆုံးခဲ့သည်ဟု မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က သတင်းထုတ်ပြန်သည်။

ဇွန်လ၁၁ရက်နံနက်ပိုင်းကမြောင်နယ်အတွင်းစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အားမြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) စခန်းဌာနခွဲ( ၂) (အမျိုးသမီးစစ်သည်စခန်း)အား ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း MRAက အသိပေးသည်။

(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)
(MRA အမျိုးသမီးစစ်သည်စခန်းကိုစစ်ကာင်စီတပ်မီးရှို့ဖျက်ဆီးထားမှု ။ ။ဓါတ်ပုံ-MRA)

အမျိုးသမီး စစ်သည်များမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းစဥ် ပြည်သူများအား ဓါးစာခံအဖြစ် ခေါ်ဆောင်လာသောကြောင့် မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း မပြုဘဲ ခြုံအတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားနှစ်ဦးအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တပ်သားနှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း MRA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့တိုက်ခိုက်မခံရစေရန်ပြည်သူများအား ဓါးစာခံအဖြစ် အသုံးချလေ့ရှိပြီး ထိုသို့ဖမ်းဆီးအသုံးချခံထားရပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်ခိုက်ရန်အခက်အခဲရှိကြောင်း၊ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးလာပါက ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်ရှားကြရန် MRAကသတိပေးသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပြီး၊ ပြည်သူများ အထိအခိုက်မရှိစေရန် ဂရုပြုလုပ်ဆောင်နေသလို ပြည်သူများအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက် ရှောင်ရှားသွားလာကြရန် MRAက နှိုး​ဆော်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်