Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ် နေရာသုံးနေရာ ၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ၁၆ဦးသေ

ကန်ပက်လက် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏လိုအပ်ချက်အရထုတ်ပြန်ချက်များကိုတသွေမတိမ်းဆက်လက် လိုက်နာပေးကြပါရန်လည်း ကန်ပလက် CDFက ထုတ်ပြန်သည်။

(ကန်ပက်လက် CDF မှ ရဲ​ဘော်များအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CDF)

▪️​လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက် တိုက်ပွဲပြင်းထန်နိုင်ဟု အသိပေး

ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ဇွန်လ ၁၀ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်နေရာယူထားသည့် ကန်ပလက် CDFတပ်ရင်း(၂)၏ တပ်စခန်းနေရာ Vakok စခန်း၌ ယနေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် တပ်စခန်းအားမီးရှို့ခဲ့ကာ ပြန်လည်ထွက်ခွာလာပြီး ထိုးစစ်ဆင်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ ကျော့တော်ရွာနှင့်အံပုံ​ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့်လည်း နီးစပ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

Vakok တပ်ရင်းနေရာနှင့်ကျော့တော်ကျေးရွာ၊အံပုံကျေးရွာ တိုက်ပွဲတွင်လည်းအကြမ်းဖက်စစ်ကောင်စီဖက်မှအနည်းဆုံး ၁၁ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ် စစ်ကူများ မလာရောက်နိုင်ရေးအတွက် ကန်ပက်လက်မြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကန်ပက် လက် CDF ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ကန်ပက်လက်မြို့ပေါ်ထွေအုပ်ရုံး၌တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ အနည်းဆုံး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲများအတွင်း ကန်ပက်လက် CDF ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

စစ်ကောင်စီတပ်များသည် ယနေ့ညတွင် တိုက်ပွဲဖြစ်ပွားရာဒေသရှိ အံပုံကျေးရွာ၌စခန်းချပြီးကျေးရွာရှိနေအိမ်များဖောက်ထွင်းခြင်း၊အိမ်မွေးတိရိစ္ဆာန်များဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်း ပြုလုပ်ပြီး ရပ်ထားသည့် မော်တော် ဆိုင်ကယ်များကို မီးရှို့နေကြသည်ဟု ဆို သည်။

တစ်ဖက်တွင်လည်း ကန်ပက်လက် CDF၏ တပ်ရင်း(၇) မဟူရာ တပ်ရင်းတည်ရှိရာဘက်တွင်လည်း ဇွန်လ ၆ရက်က တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကန်ပက်လက် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏လိုအပ်ချက်အရထုတ်ပြန်ချက်များကိုတသွေမတိမ်းဆက်လက် လိုက်နာပေးကြပါရန်လည်း ကန်ပလက် CDFက ထုတ်ပြန်သည်။

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ်သည် ဇွန်လ ၉ရက်မှစ၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး CDFနှင့်အတူ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များလည်း အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook