Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ် မီးရှို့၍ တစ်ပတ်အတွင်း ​ကျေးရွာ ၇ရွာမှ နေအိမ် ၅၀၀ခန့် မီးလောင်ပျက်စီး

ကိုင်းမ ကျေးရွာတွင် နေအိမ်၁၀လုံး၊ နှောကုန်းရွာတွင် နေအိမ် ၅၂လုံး၊ လျော်ဖြူကုန်းရွာမှ နေအိမ် ၁၁၈ လုံးနှင့် စပါးကျည် ၃၅လုံး၊ ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊ အလယ်ခုံ ကျေးရွာမှ ဘုန်းကြီးကျောင်း၁ ကျောင်းနှင့် နေအိမ် ၁၆၄လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ကန့်ဘလူနယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ် မီးရှို့
ကန့်ဘလူနယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ် မီးရှို့

▪️ပြည်သူလူထုများ၏ ဆန်စပါးတင်းပေါင်း သိန်းနှင့်ချီ ဆုံးရှုံးခဲ့ရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ်ဒေသရှိ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့၍ တစ်ပတ်အတွင်းကျေးရွာ(၇)ရွာမှနေအိမ် ၄၉၀ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Kotaungbo Revolution က သတင်းထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်မြောက်ခြမ်းက ကိုးတောင်ဘို့တိုက်နယ်ဒေသရှိကျေးရွာများကို စစ်ကောင်စီတပ်များက အငြိုးအတေးကြီးစွာဖြင့် ရွာစဉ်လှည့်မီးရှို့ခဲ့ကြရာ ဇွန်လ ၃ရက်တွင် ရဟတ်ယာဉ် ၂စီးဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၅ရက်မှစ၍ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

ကိုင်းမ ကျေးရွာတွင် နေအိမ်၁၀လုံး၊ နှောကုန်းရွာတွင် နေအိမ် ၅၂လုံး၊ လျော်ဖြူကုန်းရွာမှ နေအိမ် ၁၁၈ လုံးနှင့် စပါးကျည် ၃၅လုံး၊ ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊ အလယ်ခုံ ကျေးရွာမှ ဘုန်းကြီးကျောင်း၁ ကျောင်းနှင့် နေအိမ် ၁၆၄လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ် ဇော်ချောင်းကျေးရွာသို့ ရောက်ရှိစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ လွင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး အသက်(၇၀)ကျော်အရွယ်အဖိုးတစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အလယ်ခုံရွာကိုမီးရှို့ရန် လာရောက်စဉ် ဒေသကာကွယ်ရေးအဖွဲ့များနှင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီးအင်အားများစွာသုံးပြီး ပစ်ခတ်ခဲ့၍ ကာကွယ်ရေးတပ်ဖွဲ့များနောက်ဆုတ်ခဲ့ရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကျေးရွာ(၇)ရွာမီးရှို့ခံခဲ့ရသည့် အတွက်တောင်သူများ၏ အတွင်းပစ္စည်းများစွာဆုံးရှုံးခဲ့ရပြီးဆန်စပါးတင်းသိန်းနှင်ချီ၍ဆုံးရှုံး နစ်နာခဲ့ရသည်ဟု ဖော်ပြထားသည်။

ကန့်ဘလူနယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ် မီးရှို့
ကန့်ဘလူနယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ် မီးရှို့

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှ ကျေးရွာအများအပြားကို ရည်ရွယ်ချက်ရှိရှိ လိုက်လံမီးရှို့ခဲ့ရာ မေလအတွင်းက စစ်ကောင်စီတပ်လက်ချက်ကြောင့် စစ်ကိုင်းတိုင်းရှိ ပြည်သူလူထုနေအိမ် ၆၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmarက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။