Connect with us

Hi, what are you looking for?

သတင်း

ချောင်းကြီးရွာရှိ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် စစ်ကောင်စီအားအထောက်အပံ့ပြုနေသူ ၃၀ဦး သပိတ်ကျင်းနယ်မှ ငါးရက်အတွင်း ထွက်ခွာကြရန် ဗိုလ်လင်းယုန်အဖွဲ့က သတိပေး

နှင်ထုတ်ခံရသူများသည် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် စစ်တပ်၊ရဲ၊ ပျုစောထီး၊ ဒလန်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပေါင်း၍ အပြစ်မဲ့သွားလာနေသော ပြည်သူများ၊ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော အများပြည်သူများကို ဖမ်းဆီးရိုက်နှက် ချုပ်နှောင်မူများ ကျုးလွန်နေသူများဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ပြောသည်။

သပိတ်ကျင်းမြို့နယ်
သပိတ်ကျင်းမြို့နယ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အပါအဝင် စစ်ကောင်စီအားအထောက်အပံ့ပြုနေသူ ၃၀ ဦး သပိတ်ကျင်းနယ်မှ ငါးရက်အတွင်း ထွက်ခွာကြရန် ဗိုလ်လင်းယုန်အဖွဲ့က သတိပေးသည်။

ချောင်းကြီးကျေးရွာရှိ ရဲနှစ်ဦး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရုံးစာရေးနှင့် ရာအိမ်မှူး ၈ဦး၊ပျူစောထီး နှစ်ဦး၊ မူးယစ်ဆေးနှင့် လောင်းကစားဝိုင်းများထောင်ကာ စစ်ကောင်စီအား ကျည်ဆံဖိုးရှာပေးနေသော အမှတ်(၆) ရပ်ကွက်တွင် နေထိုင်သူ ​ခြောက်ဦး၊အမှတ် (၁၊ ၂၊ ၈) ရပ်ကွက်များမှ သတင်းပေး ၁၀ဦး စုစုပေါင်း ၃၀ ဦးအား သပိတ်ကျင်းနယ်အခြေစိုက် ဗိုလ်လင်းယုန်အဖွဲ့က နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

နှင်ထုတ်ခံရသူများသည် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် စစ်တပ်၊ရဲ၊ ပျုစောထီး၊ ဒလန်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပေါင်း၍ အပြစ်မဲ့သွားလာနေသော ပြည်သူများ၊ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော အများပြည်သူများကို ဖမ်းဆီးရိုက်နှက် ချုပ်နှောင်မူများ ကျုးလွန်နေသူများဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ပြောသည်။

ထိုသို့ ကျူးလွန်သူများသည် နောက်(၅)ရက်အတွင်း ကျေးရွာနှင့်မြို့နယ်အတွင်းမှ ထွက်ခွာသွားရန်နှင့် ထုတ်ပြန်ချက်ကိုလိုက်နာခြင်းမရှိပါက ထိထိရောက်ရောက်ဝင်ရောက်ပစ်ခတ်ရှင်းလင်းမည်ဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အားကျည်ဆန်ဖိုးပေး ထောက်တိုင်လုပ် ထောက်ပံ့နေသည့်၊ တော်လှန်ရေးအင်အားစုများကို မျက်ကွယ်ပြုလျက်ရှိနေသော ကုမ္ပဏီ၊စက်ရုံ၊ လုပ်ငန်း၊ ဆိုင်ဟူသမျှကိုလည်း ရှောင်တခင်ဝင်ရောက် ဖြိုဖျတ်တိုက်ခိုက်မည်ဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က သတိပေး ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။