Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က​ခြောက်လအတွင်းစစ်ရာဇဝတ်အမှု​ပေါင်း ၂၈၀၀ ခန့်ကျူးလွန်

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်မေလ၃၁ ရက်နေ့အထိ ၆လအတွင်း စစ်ရာဇဝတ်မှုပေါင်း (၂၇၇၈) ခုကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီး မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်ကြောင်းပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

(အာဏာသိမ်းစစ်​ခေါင်​ဆောင်မင်း​အောင်လှိုင်။ ဓါတ်ပုံ-မြဝတီ)
(အာဏာသိမ်းစစ်​ခေါင်​ဆောင်မင်း​အောင်လှိုင်။ ဓါတ်ပုံ-မြဝတီ)

အာဏာသိမ်းစစ်ကောင်စီသည် ၆လအတွင်း ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှု (၂၇၇၈)ခု ကျူးလွန်ခဲ့ပြီး ​ပြစ်မှုများနှင့် ပတ်သက်၍ ဥပဒေ၏ အပြစ်ပေးမှုအောက်မှ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မှုမရှိစေရအောင် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၆လအတွင်း စစ်ကောင်စီက ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ထုတ်ပြန်ပြီးဝန်ကြီးဌာန၏ နောက်ဆက်တွဲဆောင်ရွက်ချက်များကို လူထုအား အသိပေးထားသည်။

စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူလူထုအပေါ် ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်မှုများ၊ လူနေအိမ် ဘာသာရေးအဆောက်အဦးများကို မီးရှို့ ဖျက်ဆီးမှုများ၊ ပြည်သူ့ကိုယ်ပိုင် အဖိုးတန်ပစ္စည်းများကို ခိုးယူသိမ်းဆည်း ဖျက်ဆီးမှုများ၊ စစ်ကြောရေးများတွင် ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ မျိုးသုဉ်းသတ်ဖြတ်နေမှုများ၊ လူထုနေထိုင်ရာ နေရာများကို တိုက်လေယာဉ် ရဟတ်ယာဉ်များ သုံးလျက် ပစ်ခတ်တိုက်ခိုက်နေမှုများ၊ လက်နက်ကြီးများဖြင့် လူနေအိမ်များဆီ ရမ်းသန်းပစ်ခတ်၍ လူထုအသက်သေဆုံးမှု အိုးအိမ်ပျက်စီးဆုံးရှုံးနေရမှုများ စသည့် ဖက်ဆစ်ဆန်ဆန် အကြမ်းဖက် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှတစ်ရက်မပျက်ကျူးလွန်နေသည်ဟု​ဖော်ပြ ထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်မေလ၃၁ ရက်နေ့အထိ ၆လအတွင်း စစ်ရာဇဝတ်မှုပေါင်း (၂၇၇၈) ခုကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီး မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်ကြောင်းပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို အရေးယူအပြစ်ပေးနိုင်ရေးသည်ဝန်ကြီးဌာန၏ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟုလည်း ဇွန် ၁၀ရက်က အထက်ပါထုတ်ပးပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ရာဇဝတ်မှုကျူးလွန်သူများသည်မည်သည့်အခြေအနေမျိုးမှာဖြစ်ဖြစ် ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ််မှုများနှင့် ပတ်သက်၍ ဥပဒေ၏ အပြစ်ပေးမှုအောက်မှတစ်ဦးတစ်ယောက်မျှလွတ်မြောက်မှုမရှိစေရအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟုပြည်သူ့အစိုးရ၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီး
ကြပ်ရေးဦးစီးဌာနက အသိပေးထားသည်။

စစ်ကောင်စီအားအရေးယူနိုင်ရေးအတွက် ကာယကံရှင်ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့်သက်သေအထောက်အထားများကိုစုဆောင်းထားကြောင်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီးပြည်သူလူထုအနေဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ထံအမှုဖွင့်တိုင်ကြားပေးခြင်းဖြစ်စေ၊ သတင်းပေးတိုင်ကြားခြင်းဖြစ်စေ စစ်ရာဇဝတ်တရားခံအပြစ်သားများကိုဥပဒေအောက် အရောက်ခေါ်ယူပြီး တရားစွဲဆိုနိုင်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေဟုတိုက်တွန်း

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။