Connect with us

Hi, what are you looking for?

သတင်း

ရှိမ္မကားရဲစခန်းနှင့်စခန်းဝန်းကျင်ကို PDFများနှစ်ကြိမ်တိုက်ခိုက် စစ်​ကောင်စီတပ်သား ၆ဦး​သေ

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။
ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားရဲစခန်းနှင့် အနီးဝန်းကျင်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား၆ဦးသေဆုံးကြောင်းဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယနေ့(ဇွန်လ ၁၂ရက်နေ့)ညနေ (၃) နာရီခန့်တွင် ပူးပေါင်းအဖွဲ့များက ရှိန်းမကား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ရဲစခန်းအတိုက်ခံရသဖြင့် အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ)မှ Mi-35 ရဟတ်ယာဥ်ဖြင့် ညနေ (၆) နာရီခန့်တွင် တရစပ် လာရောက် ပစ်ခတ်သောကြောင့်စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။
ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။

ထို့အပြင်ယနေ့နံနက်ပိုင်းကလည်း ဝက်လက်မြို့နယ် ရှိန်းမကားတောင်ဘက် ဘေးမဲ့တောအနီးရှိ တဲများကို စစ်​ကောင်စီတပ်ကမီးရှို့နေစဥ် မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထိုသို့ တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးများအား တောကြီးမြွေပွေး၊လျှပ်စီး‌ပြောက်ကျား-ဝက်လက်၊ GZ Special Task Force၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊Adventure၊Tiger King ၊ဒေါင်းစစ်သည်၊စဥ့်ကူးပ.က.ဖ ၊မတ္တရာ ပ.က.ဖ နှင့် ဒေသတွင်းPDFများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ၎င်းတို့က အသိပေးသည်။

ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။
ရှိမ်းမကားနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသတွင်းPDFများအား တွေ့ရစဥ်။

ဒဏ်ရာရPDF ရဲ​ဘော် သုံးဦးမှာသက်သာ​ကြောင်းမတ္တရာ ပကဖ မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ရဟတ်ယာဥ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ရှိမ်းမကားရွာအပါအဝင် ဝက်လက်မြို့နယ်အတွင်းရှိ လှတော၊ ရွှေကျင်၊ ဥယျာဉ်မ၊ သန်းတောကြီး၊ မဲကုန်း၊ ကျီးရည်းကုန်း အစရှိသည့်ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်း​ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်