သတင်း ငါန်းဇွန်နယ်မှာ စစ်တပ် ဗုံးကြဲလို့ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦး သေဆုံး မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 9, 2026
သတင်း ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးပစ်လို့ ကလေးငယ် သေဆုံး၊ မိခင်ဖြစ်သူ ဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 9, 2026
သတင်း မြစ်ခြေက ကြောင်ပန်းခုံရွာ စစ်တပ် ဝင်စီးပြီး နေအိမ်တွေ မီးရှို့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။ ludunwayooစက်တင်ဘာ 9, 2026
သတင်း စစ်တပ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေ မလုပ်ဆောင်ကြဖို့ ကုလမဟာမင်းကြီးပြော မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းပေးဖို့ ထပ်မံတိုက်တွန်း ludunwayooစက်တင်ဘာ 9, 2026
သတင်း စစ်သင်္ဘော ၄စီး ကသာက အပေါ်ဆန်တက်နေ၊ စင်းခန်းတံတားပြန်ရဖို့ စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင် စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooစက်တင်ဘာ 9, 2026
သရော်စာ မရှိမဖြစ် အလံဖြူ ဒီရက်ထဲ တစ်ဦးနဲ့တစ်ဦး တွေ့ကြ၊ ဆုံကြ၊ စကားပြောဖြစ်ကြတဲ့အခါ မပါမဖြစ်ပြောဖြစ်တဲ့အကြောင်းအရာတစ်ခု က ဘာဖြစ်မယ်လို့ မိတ်ဆွေထင်ပါသလဲ။ ludunwayooစက်တင်ဘာ 9, 2026
သတင်း ကျောက်ဖြူမှာ တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့စစ်တပ်ကို AAတိုက်လို့ဆုတ်ပြေးရပြန် စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ ludunwayooစက်တင်ဘာ 8, 2026
သတင်း ရေဦးမြို့နယ်ကိုစစ်တပ်က ဂျိုင်ရိုကော်ပတာ၊ MI-35တို့ဖြင့်ဗုံးကြဲအရပ်သား၇ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။ ludunwayooစက်တင်ဘာ 8, 2026
သတင်း မန္တလေးနဲ့ ရွှေဘိုမှာ ဝက်လက်ဒေသခံလူငယ်တွေကို စစ်တပ် ပေါ်တာဆွဲနေလို့ ကျောင်းသားသမဂ္ဂ သတိပေး မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။ ludunwayooစက်တင်ဘာ 7, 2026
သတင်း စစ်ရေးတင်းမာနေတဲ့ ဗန်းမော်မြို့ကို စစ်ရှောင်ဝန်ထမ်းတွေပြန်လာဖို့ စစ်တပ် ပြန်ခေါ် စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 7, 2026