Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမှု ပူးပေါင်းဆောင်ရွက်သူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူမယ်လို့ ဘုတ်ပြင်းပကဖ ကြေညာ

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

(ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘုတ်ပြင်း ပကဖ)

အောက်တိုဘာ ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ဖို့ လိုက်ပါပူးပေါင်းဆောင်ရွက်နေတဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးကို စစ်ရေပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

မြို့နယ်၊အုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေအပါအဝင် အားလုံးကို အရေးယူသွားမှာလို့ ထုတ်ပြန်ပါတယ်။

စစ်တပ်က နိုင်ငံတဝန်း လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အခြေအနေမှာ ဘုတ်ပြင်းပကဖက အောက်တိုဘာ ၁၇ရက်မှာ အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

” စကစလက်ပါးစေတွေကိုတော့ ကျနော်တို့အဖွဲ့အနေနဲ့ သေခြာစောင့်ကြည့်နေပြီး အချက်အလက်ခိုင်မာ သေခြာတာနဲ့ ထိထိရောက်ရောက် ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမယ်ဆိုတဲ့သတင်းစကားပါးချင်ပါတယ်” လို့ ဘုတ်ပြင်းမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုလူစစ်နိုင်က ပြောပါတယ်။

နိုင်ငံတော်ရဲ့ အာဏကို အကြမ်းဖက်နည်းနဲ့ အဓမ္မသိမ်းယူထားတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ အဖွဲ့တွေအနေနဲ့ နိုင်ငံနဲ့ ပြည်သူလူထုအပေါ် မည်သည့် ဥပဒေ အခွင့်အာဏာကိုမှ သုံးစွဲခွင့်မရှိကြောင်းလည်း ဘုတ်ပြင်းမြို့နယ် ပကဖရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ပြည်သူလူထုအပေါ်ဖိနှိပ့်ချူပ်ချယ်သူ မှန်သမျှကို ပြည်သူလူထုဘက်ကနေ မားမားရပ်ပြီး ကာကွယ်သွားနိုင်ဖို့ ကြိုးပမ်းမယ်လို့လည်း ကိုလူစစ်နိုင်က ပြောပါတယ်။

“ကျနော်တို့ရဲ့အသက်ကိုပါ စွန့်လွှတ်ရရင် စွန့်လွှတ်ရပါစေ ပြည်သူလူထုဘက်မှာ အမြဲတမ်းရပ်ပြီး ကျနော်တို့အဖွဲ့ကိုယ်စွမ်းဉာဏ်စွမ်း လုပ်နိုင်စွမ်းရှိသလောက်အားကုန်စိုက်ထုတ်ပြီး ကာကွယ်သွားမယ်ဆိုတာ ယုံကြည်ပေးဖို့ သတင်းစကားပါးချင်ပါတယ်” လို့ ဘုတ်ပြင်းမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောပါတယ်။

စစ်တပ်ဟာ စစ်မျက်နှာအသီးသီးမှာ ပြုန်းတီးနေတဲ့ စစ်အင်အားဖြည့်တင်းနိုင်ဖို့ နိုင်ငံတဝန်း လူငယ်တွေကို နည်းမျိုးစုံနဲ့ စစ်သားစုဆောင်းလျက်ရှိပါတယ်။

စစ်တပ်ရဲ့ အခုလို စစ်သားစုဆောင်းမှုကို ပြည်သူတရပ်လုံး ရတဲ့နည်းနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသလို စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ ပစလို့ခေါ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့လည်း စစ်ကောင်စီတပ်ကနေ ရတဲ့နည်းနဲ့ ရုန်းထွက်ပြီး ပြည်သူလူထုဘက် ပူးပေါင်းလာဖို့ တိုက်တွန်းနှိုးဆော်သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။