သတင်း စစ်တပ်ကDKBAနဲ့ BGF အင်းအား၃၀၀ ခေါ်ပြီး မင်းလက်ပံနဲ့ ဖလူးကို အင်အား ၁၀၀၀ လောက်နဲ့ထိုးစစ်ဆင် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဇွန် 30, 2026
သတင်း နန်းမယ်ခုံမြို့အနီးကို စစ်တပ် လေကြောင်းက ဗုံးကြဲနေ ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ludunwayooဇွန် 30, 2026
သတင်း မင်းတပ်မြို့ကို စစ်တပ်က တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ခန့် ပြုလုပ်၊ ဗုံးအလုံးရေ ၃၂၀ ကျော် ကြဲချ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၂၃ရက်ကနေ ဒီကနေ့ ဇွန် ၂၉ရက်မနက်အထိ အကြိမ်ရေ ၁၀၀ ခန့် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ludunwayooဇွန် 30, 2026
သတင်း မန္တလေးတိုင်းက ထိန်းချုပ်နေရာတချို့တိုက်ခံရပြီးနောက် စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦး သေဆုံး၊ ၂၀ကျော် ဒဏ်ရာရ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇွန် 30, 2026
သတင်း စစ်တပ်ရဲ့ နောက်ဆုံးပေါ် ဒရုန်းဖမ်း ဝါးလုံးထောင်ပိုက် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ရဟတ်ယာဉ်တွေ မြေပြင် ဆင်းရင် ဝါးလုံးမှာ တပ်ဆင်ထားတဲ့ ပိုက်နဲ့ ဒရုန်းဖမ်းဖို့ စစ်တပ်က ကြိုးစားနေပါတယ်။ ludunwayooဇွန် 30, 2026
သတင်း တနိုင်ငံလုံးကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းလုပ်မယ့် စစ်တပ်လုပ်ရပ် လက်မခံဟု ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးအဖွဲ့ တုံ့ပြန် ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။ ludunwayooဇွန် 30, 2026
သတင်း ဟားခါးဒေသက ချင်းတပ်စခန်းအချို့နဲ့ ကျေးရွာအချို့ကို စစ်တပ် ဗုံးကြဲ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 29, 2026
သတင်း ရေစကြိုမှာ PDF အယောင်ဆောင်ပြီး စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အယောင်ဆောင်ပြီး အရပ်သားတွေကို စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။ ludunwayooဇွန် 29, 2026
သတင်း စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်တပ် ဂျက်ဖိုက်တာနဲ့ဗုံးကြဲ၊ ကလေးငယ်၄ဦး အပါအဝင် ၈ ဦးသေဆုံးပြီး၂၀ ကျော်ဒဏ်ရာရ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၊တလိုင်း(ထီးလှိုင်)ရွာကို စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဥ်တွေနဲ့ ဒီကနေ့မှာဗုံးကြဲတာကြောင့်ကလေးငယ် တွေအပါအဝင် ပြည်သူ၈ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayooဇွန် 29, 2026
သတင်း မင်းတပ်တိုက်ပွဲ စစ်တပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေး ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ ludunwayooဇွန် 29, 2026