Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၄၄)က ကျိုက်ထိုမြို့နယ်ရှိ ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကလေးငယ် ၁ဦး သေဆုံး၊ နေအိမ်အချို့ ပျက်စီး

(စစ်တပ် ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက နေအိမ် ထိမှန်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံတပ်တွေဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ လတ်တလောတိုက်ပွဲမရှိဘဲ တပ်မ(၄၄)လက်အောက်ခံတပ်တွေက မြို့နယ်အတွင်း ကျေးရွာတွေကို အောက်တိုဘာ ၂ရက် ညပိုင်းကလက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂ရက်ညပိုင်းက ကျိုက်ထိုမြို့နယ် ဝင်းကလောကျေးရွာအုပ်စု ဆောင်နိုင်ကြီးရွာအနီးကို စစ်တပ်ရဲ့ ခမရ(၂၀၇) တပ်ရင်းက အသေခံ ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တချိန်တည်းမှာ တပ်မ(၄၄) ဌာနချုပ်က လက်နက်ကြီး ၂လုံး၊ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ခိုက်မှုတွေမှာ အရပ်သား ပြည်သူသေဆုံးထိခိုက်မရှိပေမဲ့ အဆောက်အဦးနဲ့ ဥယျဉ်ခြံပျက်စီးမှု အချို့ရှိခဲ့ပါတယ်။

အောက်တိုဘာ ၂ရက်မှာပဲ တပ်မ (၄၄)က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျိုက်ထိုမြို့နယ် မဲရုံကြီးရွာ သုဿန်အနီး ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာလကုန်ပိုင်းကလည်း ကျိုက်ထိုမြို့နယ် ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ ကျေးရွာအုပ်စုတွေအပါအဝင် ဒေသတွင်းက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ဒဏ်ရာရသူ​တွေလည်းရှိပြီး​သေဆုံးသူထပ်တိုးလာနိုင်သေးဟု​​ဒေသခံ​တွေ​ပြော

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

Trending

Facebook