အောက်တိုဘာ-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရေဦးမြို့မှာ စစ်တပ်ကစစ်တပ်က ကာမီကာဇေဒရုန်း( အသေခံတိုက်ခိုက်ရေးဒရုန်း)သုံးစီးနဲ့ တိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး ဒရုန်းတစ်စီးကို တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြု့နယ်ထဲက ရွာတစ်ရွာကို အောက်တိုဘာ၄ရက် မွန်းလွဲ ၁နာရီခန့်မှာ စစ်တပ်က ဆူဆိုက်ဒရုန်းသုံးစီးနဲ့ ဗုံးကြဲတာဖြစ်ပါတယ်။
” နမခ ကနေ ၁၂နာရီခွဲတက်လာပြီး ၁နာရီခန့်မှာ စပြီး ဗုံးကြဲတာ။ ကြဲတဲ့နေရာက အရပ်သားတွေပဲ ရှိတဲ့နေရာပါ။ကလေးတယောက် အမျိုးသမီးတယောက်ဒဏ်ရာရတယ်။ ဒရုန်းတစ်စီးက ရွာနဲ့ တစ်မိုင်ကျော်က လယ်ကွင်းထဲ ပြုတ်ကျတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
အဲ့ဒီဒရုန်းဟာ ရွာအနီးမှာ ကလေးငယ်တွေ ဘောလုံးကန်နေတဲ့ကွင်းကို ဦးတည်ပျံသန်းလာတာဖြစ်ပြီး လမ်းခုလတ်မှာ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
“ကလေးတွေ ကံကောင်းတာ။ဒရုန်းကပြတ်ကျသွားလို့ တော်တာ။အဲ့ဒရုန်းကို ရလိုက်တယ်”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ရေဦးမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကိုထိန်းချုပ်ထားပြီး အနီးပတ်ဝန်းကျင်ရှိရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။ မြို့နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ မြို့နယ်ပတ်ဝန်းကျင်ကို လေကြောင်း၊ ဒရုန်းတို့နဲ့ တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်ညနေပိုင်းမှာလည်းစစ်တပ်ကဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ ဒေသခံ ခုနစ်ဦးသေဆုံးခဲ့ပါတယ်။


















































