သတင်း ဖားကန့်မှာ တိုက်ပွဲဖြစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo7 ရက် ago
သတင်း ရွှေကူမှာ အထိနာချိန် ဖားကန့်မှာ စစ်တပ် စစ်ရေးပြန်လှုပ်ရှား ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။ ludunwayooစက်တင်ဘာ 5, 2026
သတင်း သံအမတ်ကြီးဦးကျော််မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ ဖားကန့်ပြည်သူတွေ တောင်းဆို စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 3, 2026
သတင်း ဖားကန့်မှာ စစ်အုပ်စုက အရပ်သား ၂၅ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မြေမြုပ်ထားတဲ့နေရာ ရှာတွေ့ ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ludunwayooဩဂုတ် 25, 2026
သတင်း အရပ်သား ၄ဦးသတ်ဖြတ်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့လုပ်ရပ် KHRW ကန့်ကွက်ရှုတ်ချ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။ ludunwayooဩဂုတ် 13, 2026
သတင်း ရှစ်လေးလုံးအထိမ်းအမှတ်ချီတက်ဆန္ဒပြခဲ့တဲ့ ဖားကန့်မှော်လှည့်သပိတ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။ ludunwayooဩဂုတ် 9, 2026
သတင်း ဖားကန့်မှာ မိုးကောင်းပြီး ရေဘေးနဲ့ မြေပြိုဘေး ကြုံပြန် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှုဘေး ထပ်မံကြုံတွေ့နေပါတယ်။ ludunwayooဩဂုတ် 5, 2026
သတင်း ဖားကန့်မှာနေအိမ်တစ်အိမ်အတွင်းအရပ်ဝတ်နဲ့ ဓားပြတိုက်နေတဲ့ စစ်တပ်ရဲ့ အမှတ်(၃၈၄) ခြေမြန်တပ်ရင်း(ခမရ-၃၈၄)ကစစ်သားတွေကို KIA၊KPDFက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးသွားပါတယ်။ ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ludunwayooဩဂုတ် 2, 2026
သတင်း ဖားကန့် သယံဇာတကျိန်စာ ဒေသခံတွေ လည်စင်းခံရပြန် မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း ရေဘေးကြုံနေချိန် ဖားကန့်မြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 24, 2026