Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

(၂၀၂၅ ဇွန် ၃ ရက်က မှော်စီစာကျေးရွာအနီး ၁၁၁ ကုမ္ပဏီလုပ်ကွက်အတွင်း စစ်တပ်က မီးရှို့ခံထားတာကို တွေ့ရစဉ်။ ဓာတ်ပုံ- Tarlin mg)

အောက်တိုဘာ−၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

ယခင်ရက်ကတည်းက စစ်တပ်က ဖားကန့်မြို့ စစ်တပ်ကုန်းကနေ လက်နက်ကြီး မကြာခဏပစ်ခတ်နေပြီး ဒီကနေ့မှာတော့ လုံးခင်းဒေသ ကျေးရွာအုပ်စု၊ရပ်ကွက်(၂)ကို ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

” လေးယောက်ထိတာ။ နှစ်ယောက် အရမ်းပြင်းထန်တယ်။ စစ်တပ်ကုန်းကနေ ဆက်ပစ်နေတယ်။ တိုက်ပွဲမရှိ။ ရမ်းပစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ကလချင်လွတ်လပ်ရေးတပ်မတော်( KIA) ကလည်း စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ရှမ်းနီ(SNA)၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက စစ်ကြောင်းလှည့်‌နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ ယခုရက်ပိုင်း ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲမဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ၂၄ရက်ညနေမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ယခုရက်ပိုင်းမှာလည်း လေကြောင်းကင်းထောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာပါဝင်ပြီး စစ်ကိုင်းတိုင်းနဲ့ နယ်စပ်ဖြစ်တဲ့ ဆည်ဇင်းရွာပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ် မြို့နယ်တချို့မှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်နေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။