Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမှာ အထိနာချိန် ဖားကန့်မှာ စစ်တပ် စစ်ရေးပြန်လှုပ်ရှား

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

(၂၀၂၅ မိုးရာသီမှ ဖားကန့်ကို စစ်​ကူပို့ဖို့ စစ်တပ်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)

စက်တင်ဘာ-၄၊၂၀၂၆။ ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

ရွှေကူမြို့နယ်၊ဧရာဝတီမြစ်ကြောင်းမှာတိုက်ပွဲတွေဖြစ်ခဲ့တဲ့ စက်တင်ဘာလဆန်းကစပြီး ဖားကန့်နေရာအချို့မှာ စစ်‌တပ်စစ်ကြောင်းတွေရဲ့စစ်​ရေးလှုပ်ရှားမှုပြန်လုပ်လာပြီးစက်တင်ဘာလ ၄ရက် မနက်ပိုင်းမှာတော့ လုံးခင်းနဲ့ မဆွတ်ယာန်ရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်နဲ့ ဝါရာဇွပ်အဖွဲ့တွေ ခြေပြန်ရှုပ်နေတာ။လမ်းတွေလည်း ပိတ်ထားတယ်။ ဒီရက်ပိုင်း စစ်ရေးကို သတိထားကြဖို့ ကျမတို့ ဒေသခံချင်း သတိပေးနေတုန်းမှာပဲ လက်နက်ကြီး စပစ်တာ”လို့ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းတိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်မှာအခုရက်ပိုင်းတိုက်ပွဲမရှိပေမယ့် စစ်တပ်ကလေကြောင်း ကင်း‌ထောက်ပျံသန်းမှုတွေရှိနေပါတယ်။ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်းက အရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊သတ်ဖြတ်တာတွေလည်းကျူးလွန်ကြားလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဖားကန့်မှာ စစ်တပ်နဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ မှော်ဝမ်းလေး ကျေးရွာကို သြဂုတ်လ၂၄ရက်မှာ ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅လောင်းကို မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အဲ့ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ စစ်ရေးအတင်းမာဆုံးဖြစ်နေပါတယ်။စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော နှစ်စီးနဲ့ ကုန်တင် သင်္ဘောရှစ်စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ ၂၁ ရက်နေ့က ထွက်လာစဉ် ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၂ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင်စစ်သုံ့ပန်း ၁၉၀ ကျော်ကိုKIA၊KPDFက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖားကန့်ဒေသခံတွအနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေ သတိပြုကြဖို့ KIA က မကြာခဏသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။