Connect with us

Hi, what are you looking for?

သတင်း

အရပ်သား ၄ဦးသတ်ဖြတ်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့လုပ်ရပ် KHRW ကန့်ကွက်ရှုတ်ချ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

(စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်၊ ဓာတ်ပုံ − Warazup)

ဩဂုတ် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

ဩဂုတ် ၈ရက်ညနေပိုင်းက လီဒိုလမ်း ရှဒူးဇွပ် အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူစစ်တပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပြည်သူ့စစ်တပ်ဖွဲ့က ဩဂုတ် ၉ရက်မှာ လီဒိုလမ်း နောင်းမီရွာက အရပ်သားတွေကို သတ်ဖြတ်မှု ကျူးလွန်ခဲ့တာလို့ဆိုပါတယ်။

“အခုလို အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တဲ့လုပ်ရပ်ကို လုံးဝကန့်ကွက်ရှုတ်ချပါတယ်။ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံရေးကို အလေးထားကာကွယ်ပေးရမှာဖြစ်သလို၊ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်လည်း တရားမျှတမှုရရှိရေး တာဝန်ယူမှု ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” လို့ ကိုဂျေးကော့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က သတ်ဖြတ်ခဲ့တဲ့ဒေသခံတွေဟာ အသက် ၁၈နှစ်ကနေ ၂၅ကြားရှိ လူငယ်တွေဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

ကချင်သတင်းဌာန KNG ရဲ့ဖော်ပြချက်မှာတော့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တဲ့ နောင်းမီဒေသခံ အရပ်သား ၄ ဦးရဲ့ ရုပ်အလောင်းကို ပြန်ပေးဖို့ မိသားစုဝင်တွေ တောင်းဆိုခဲ့ပေမယ့် ပြည်သူ့စစ်အဖွဲ့က မပေးသေးဘူးလို့ သိရကြောင်း ဒေသခံကိုကိုးကား ဖော်ပြထားပါတယ်။

ဩဂုတ် ၈ရက်နေ့မှာ ရှဒူဇွပ်ရွာက ဝါရာဇွပ်ပြည်သူ့စစ် တပ်ဖွဲ့အခြေချနေထိုင်တဲ့နေရာကို KIA တပ်မဟာ(၂) တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်တပ်ဖွဲ့ဘက်က သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြထားပါတယ်။

မင်းဇေသန့်ရဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာ၊ KIA တပ်စခန်းတွေကို တိုက်ခိုက်တာ၊ စစ်သားစုဆောင်းတာတွေ တွေပြုလုပ်ခဲ့ပါတယ်။

KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကတော့ အခုအချိန်ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၀ိုင်းဝန်းကြိုးပမ်းနေချိန် ဖြစ်လို့ စစ်အာဏာရှင်စနစ်ခိုင်မြဲရှည်ကြာဖို့အတွက် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေသူတွေအားလုံးအနေနဲ့ ရပ်တန့်ပြီး အမှန်တရားဘက်ရပ်တည်ကြဖို့ ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ သတိပေး ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

Facebook