သတင်း တောင်ငူခရိုင် တိုက်ပွဲနှစ်ခုတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင် (၉)ဦးသေဟုဆို (၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဒီဇင်ဘာ 29, 2022
သတင်း ကော့ကရိတ် မိကသိန်ရွာအနီးတိုက်ပွဲ သေဆုံးသည့်စစ်ကောင်စီတပ်သား အလောင်းများတွေ့၊လက်နက်အချို့ရဟု ဒေသခံပြော ယနေ့ တိုက်ပွဲငြိမ်သက်နေသော်လည်း ကော့ကရိတ်မြို့နှင့်အနီးဝန်းကျင်၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံက ပြောသည်။ LuduNwayOoဒီဇင်ဘာ 28, 2022
သတင်း မြိုင်နယ် ကင်းရွာတွင် စစ်ကောင်စီတပ်က လူငယ်တစ်ဦးအား သတ်ဖြတ်၊ အဘွားအိုတစ်ဦးလည်း အမောဖောက်သေဆုံး ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။ LuduNwayOoဒီဇင်ဘာ 27, 2022
သတင်း မိုးကုတ်ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုလို့ အမျိုးသား ၁ ဦးသေဆုံး တွင်းပြိုကျချိန်မှာ တွင်းထဲမှာရှိနေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေထံကသိရပါတယ်။ LuduNwayOoဒီဇင်ဘာ 27, 2022
သတင်း KNLA တပ်မဟာ(၅)တိုက်ခိုက်မှုများကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး ညနေပိုင်း၌ လူသောမြို့နယ် ကူဒေးဒေသ တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဒီဇင်ဘာ 27, 2022
သတင်း ဖာပွန်အခြေစိုက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်လို့ ကလေးငယ်တစ်ဦး သေဆုံး စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။ LuduNwayOoဒီဇင်ဘာ 24, 2022
သတင်း သပိတ်ကျင်းမြို့နယ် တကောင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟုဆို အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။ LuduNwayOoဒီဇင်ဘာ 24, 2022
သတင်း မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် ကျော်တက်သည့် ခရီးသည်တင်ယာဥ် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးသေဆုံး ယမန်နေ့ (ဒီဇင်ဘာ၂၃ ရက်)ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် စစ်ကိုင်းတပ်မ (၃၃)သည် မြင်းမူမြို့ဘက်ကို မောင်းနှင်လာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။ LuduNwayOoဒီဇင်ဘာ 24, 2022
သတင်း ကော့ကရိတ်တိုက်ပွဲ တစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် သေဆုံးထိခိုက်မှုများ ကော့ကရိတ် အခြေစိုက်ခလရ(၂၃၁) တပ်ရင်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်များက ထိုးစစ် ဆင်ရာမှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ကော့ကရိတ်နှင့် ကော့နွဲ့ကြား၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံက ပြောသည်။ LuduNwayOoဒီဇင်ဘာ 24, 2022
သတင်း မြောင်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်၍ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြောင်နယ်အတွင်းရှိ ကျေးရွာများက ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဒီဇင်ဘာ 23, 2022