Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ရှုသဘင်တွင် အာဏာသိမ်း​ခေါင်း​ဆောင်ကို အ​လေးပြုရန် ​လေ့ကျင့်ရင်း Non-CDM ဝန်ထမ်းအချို့​သေဆုံး

အာဏာသိမ်းစစ်ခေါင်းဆောင်သည် လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်တွင် ချီတက် အလေးပြုခံမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် အမြန်လမ်းတစ် လျှောက် လုံခြုံရေးအများအပြား ချထားကြောင်းလည်းမျက်မြင်တွေ့ရှိသူများက ​ပြောသည်။

(ဗိုလ်ရှုသဘင်အတွက် အာဏာသိမ်း​ခေါင်း​ဆောင်ကိုချီတက်အ​လေးပြုရန် ဒီဇင်ဘာလဒုတိယပါတ်တွင် ​နေပြည်​တော်၌ ​နေပူ​အောက်တွင်​လေ့ကျင့်​နေ​သော စစ်​ကောင်စီဝန်ထမ်းများ။ ။ဓါတ်ပုံ-CJ)

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်မည့် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်၌ အာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်းအောင်လှိုင်ကို ချီတက် အလေးပြုရန်လေ့ ကျင့်နေစဥ် Non CDM ဝန်ထမ်းအချို့သေဆုံးမှု ရှိနေကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်း အဝိုင်းကလူထုနွေဦးသတင်းဌာနသို့ပြောကြားသည်။

လေ့ကျင့်စဥ်သေဆုံးခဲ့သည့် ဌာနများမှာလျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန (MOGE) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(RTAD) မှ ဝန်ထမ်း နှစ်ဦးဖြစ်သည်။သို့​သော်အဆိုသတင်းကို သတင်းမပျံ့ ​စေရန် ခြိမ်းခြောက်ထား​ကြောင်းလည်းသိရသည်။ ပူ​လောင်လှ​သော​နေပြည်​တော် ​နေ့ခင်းအချိန်များတွင်ပင် ​လေ့ကျင့်​နေရသဖြင့်အဆိုပါ ဝန်ထမ်းနှစ်ဦး အပြင် ​သေဆုံး ၊နာမကျန်းသူများရှိနိုင်​သေး​ကြောင်းလည်း သတင်းရင်းမြစ်အချို့က​ပြောသည်။

Public Service Announcement
Public Service Announcement

“MOGE ကတစ်ယောက်ကအသက်က ၃၀ ကျော် အမျိုးသမီး အရာရှိ။နေပူထဲ လေ့ကျင့်နေရင်းနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး နေရာမှာတင် ​သေတာ။သိပ်မကြာသေးဘူး။အလွန်ဆုံးရှိ တစ်ပတ်လောက်ပဲ”ဟု အမည်မဖော်လိုသည့် နေ ပြည်တော်အခြေစိုက် စစ်ကောင်စီဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ RTAD မှ အမျိုးသားဝန်ထမ်းတစ်ဦးမှာလည်း လေထီးခုန်လေ့ကျင့်စဥ် သေဆုံးခဲ့ခြင်းဟုသိရသည်။

Public Service Announcement

Public Service Announcement

“သူ့ကြတော့ လေ့ကျင်ရေးဆရာတွေမရှိခင်ကိုယ့်ဘာသာ ခြေချော်လက်ချော် ဖြစ်လို့ သေ တယ်ဆိုပြီး ဌာနတွင်းထဲမှာ သတင်းဖြန့်တယ်။ဒါ ပေမယ့် အမှန်တကယ်က ပင်ပန်းပြီးဖြစ်တာ”ဟု နေပြည်တော်မှသီးခြားသတင်းရင်းမြစ်ကရှင်းပြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်တွင် ချီတက် အလေးပြုခံမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် အမြန်လမ်းတစ် လျှောက် လုံခြုံရေးအများအပြား ချထားကြောင်းလည်းမျက်မြင်တွေ့ရှိသူများက ​ပြောသည်။

ထို့အပြင်စစ်​ကောင်စီက အရပ်သားပြည်သူများစွာ​သေဆုံးခဲ့​သော ဖားကန့်မြို့နယ် အနန့်ပါ​လေ​ကြောင်းတိုက်ခိူက်မှုနှင့် ဥကရစ်ထတိုက်ပွဲတွင် ​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့​သော​လေယာဥ်​မောင်းများကို အဆိုပါအခမ်းအနားတွင်ဆု​ပေးမည့်အတွက်၊​လေယာဥ်​မောင်းများ​နေပြည်​တော်သို့​ရောက်​နေကြပြီဖြစ်​ကြောင်း စစ်​ကောင်စီရင်းမြစိအချို့က People’s Spring သို့​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။