Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် ပျူစခန်းနှင့် ပခန်းကြီးရဲစခန်းအား တိုက်ခိုက်၊ ရဲမေတစ်ဦးသေဆုံး

ပခန်းကြီးစခန်းတိုက်ခိုက်မှုတွင် ရဲမေတစ်ဦးနေရာတွင် သေဆုံးပြီး ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း ရေစကြို(ပကဖ)က ထပ်မံအသိပေးသည်။

ရေစကြိုတွင် ပျူစခန်းနှင့် ပခန်းကြီးရဲစခန်းအား တိုက်ခိုက်၊ ရဲမေတစ်ဦးသေဆုံး
ရေစကြိုတွင် ပျူစခန်းနှင့် ပခန်းကြီးရဲစခန်းအား တိုက်ခိုက်၊ ရဲမေတစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပျူစောထီးစခန်းနှင့် ပခန်းကြီးရဲစခန်းအား တပြိုက်နက်တိုက်ခိုက်ခဲ့ရာ ရဲမေတစ်ဦးသေဆုံးကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် (ပ.က.ဖ)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၃၁ရက်) နံနက် ၅ နာရီခန့်က ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာရှိ ပျူစောထီးစခန်းနှင့် ပခန်းကြီးရဲစခန်းအား တပြိုင်နက်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း ရေစကြို(ပကဖ) က အသိပေးသည်။

ပခန်းကြီးရဲစခန်းအား သိမ်းပိုက်နိုင်ရန် အလွန်နီးကပ်နေချိန်တွင် ပဒေသာမိုင်းများဖြင့် လမ်းကြောင်းဖြတ်တောက်သော်လည်းမိုးလင်းချိန်တွင် စစ်သားနှင့်ပျူ စစ်ကူများရောက်ရှိလာသော ကြောင့် ဆုတ်ခွာပေးခဲ့ကြောင်း ရေစကြို(ပကဖ) က ဆိုသည်။

Public Service Announcement
Public Service Announcement

ပခန်းကြီးစခန်းတိုက်ခိုက်မှုတွင် ရဲမေတစ်ဦးနေရာတွင် သေဆုံးပြီး ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း ရေစကြို(ပကဖ)က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ဂွေးချိုပျူရွာရှိ ပျူများထိခိုက်မှုကိုလည်း ဆက်လက်စုံစမ်းလျက်ရှိကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိကြောင်း ရေစကြိုပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြိုပဖကအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Tesk Force (SSTF)၊မြိုင် ပ.ကဖ တပ်ရင်း ( ၂) ၊Myanmar Royal Dragon Army (MRDA) ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။