Connect with us

Hi, what are you looking for?

သတင်း

တောင်ငူခရိုင် တိုက်ပွဲနှစ်ခုတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင် (၉)ဦးသေဟုဆို

(၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ​ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

(တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Bago PDF)
(တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Bago PDF)

ပဲခူးတိုင်းတောင်ငူခရိုင်တွင်စစ်​ကောင်စီတပ်ကို ​တောင်ငူခရိုင်PDFတပ်ရင်း (၃၅၀၁)က သုံးရက်အတွင်းနှစ်ကြိမ်တိုက်ခိုက်ရာ စစ်တပ်မှအရာရှိအပါအဝင် ၉ ဦး​သေဆုံးပြီး (၁၂)ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့​ကြောင်း သိရသည်။

​တောင်ငူခရိုင် ၊ရေတာရှည်မြို့နယ် နားဂျပ်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား (၃၂)ယောက်ပါ စစ်ကြောင်းက ခရိုင်ချင်းဆက်လမ်းဘေးဂူတောင်တောရကျောင်းသို့ စစ်ကြောင်းထိုးလာစဉ် တောင်ငူခရိုင် PDF တပ်ရင်း၃၅၀၁၊ တပ်ခွဲ၄ (ရေတာရှည်မြို့နယ်အခြေစိုက်) က ဒီဇင်ဘာ၂၇ရက် နံနက်၁၁ နာရီ​ကျော်တွင် တိုက်ခိုက်ရာမှတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(၄၅)မိနစ်ခန့်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အရာရှိ(၁)ဦးအပါအဝင်(၆)ဦး သေဆုံးခဲ့ပြီး (၁၂)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ​ပဲခူးခရိုင်PDF ကထုတ်ပြန်သည်။PDFများမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

အလားတူ ဒီဇင်ဘာ၂၅ ရက် နံနက်ပိုင်းတွင်လည်း တောင်ငူမြို့နယ် ဆိတ်မြောင်ကျေးရွာ အနောက်ဖက်တွင်စစ်ကောင်စီတပ်နှင့် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ၁မှ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။။ အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူများလည်း ရှိခဲ့သည်။ တပ်ခွဲ၁မှ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ဟုအသိ​ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် ၃ ရက်အတွင်းတိုက်ပွဲ ၂ ပွဲတွင် စစ်တပ်က၉ ဦး​သေဆုံးပြီး အနည်းဆုံး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။ စစ်​ကောင်စီတပ်​သေဆုံး ဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

စစ်ကောင်စီတပ်မှာ အထိနာသဖြင့် ညနေဖက်တွင် အင်အားပြန်လည်ဖြည့်တင်းပြီး ဆိတ်မြောင်ရွာအတွင်း ထပ်မံဝင်ရောက်၍ ပြည်သူပိုင်နေအိမ်(၁၂)လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု၊ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် အဆိုပါဒေသတွင် စစ်ရှောင်ပြည်သူဦးရေ (၂၅၆)ဦးရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများလည်း ရှိနေ​ကြောင်း ပဲခူးတိုင်းPDF ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။