Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ကာစီနိုဟိုတယ် မီးလောင်မှုကြောင့် ၁၁ ဦးထက်မနည်းသေဆုံး

ဟိုတယ်ရဲ့ ဖွဲ့စည်းပုံအရ စင်္ကြန်လမ်းတွေက ကျဉ်းမြောင်းပြီး ရှုပ်ထွေးတာကြောင့်လည်း ဧည့်သည်တွေ လွတ်မြောက်အောင် ထွက်ပြေးရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက မှတ်ချက် ပေးထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ ကာစီနို ဟိုတယ်တစ်လုံး မီးလောင်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နှစ်နိုင်ငံ နယ်စပ်နားက ကမ္ဘောဒီးယားပိုင် ဖွိုင်ဖက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်မှာ ဒီဇင်ဘာ ၂၈ ရက် ညသန်းခေါင်ယံ မတိုင်ခင် အပြင်းအထန် မီးလောင်မှု ဖြစ်ခဲ့တာပါ။ Grand Diamond ဟိုတယ်မှာ မီးလောင်ခဲ့တဲ့နောက် အထပ်မြင့်ကနေ လူတွေ သွေးရူးသွေးတမ်း ခုန်ချပြီး သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

ဖွိုင်ဖက်ဟာ ထိုင်း-ကမ္ဘောဒီးယား ကုန်သွယ်ရေး နယ်စပ်ဂိတ် တည်ရှိရာ မြို့တစ်ခုဖြစ်ပြီး ကာစီနိုရုံတွေ အများအပြား ဖွင့်လှစ်ထားပါတယ်။ ထိုင်းနိုင်ငံမှာ လောင်းကစားနဲ့ ပတ်သက်ရင် ဥပဒေတွေ တင်းကျပ်တာကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ဖွိုင်ဖက်ကို သွားရောက်တဲ့ ထိုင်းနိုင်ငံသားတွေ စည်ကားနေလေ့ ရှိပါတယ်။ အခု မီးလောင်မှု ဖြစ်ချိန်မှာလည်း ဟိုတယ်ထဲမှာ ထိုင်းနိုင်ငံသား တော်တော်များများ ရှိနေတယ်လို့ ဆိုပါတယ်။

မီးသတ် တပ်ဖွဲ့တွေရဲ့ အဆိုအရ ထိုင်းနိုင်ငံသား ၇၀၀ နီးပါးလောက်ကို ဟိုတယ်ထဲက ကယ်ထုတ်ပြီး ထိုင်းဖက်ခြမ်းက ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိမှု အရေအတွက်ကိုတော့ မသိရသေးပါဘူး။ ခုန်ချသူတွေထဲမှာ ၂ ဦးက ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ၅ ယောက်လောက်က ခြေထောက်တွေ ကျိုးကုန်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား မီးသတ်တပ်ဖွဲ့က ကရိန်းတွေနဲ့ လာကယ်မယ်ထင်လို့ လူတွေက အဆောက်အအုံ အမိုးပေါ် တက်ပြေးခဲ့ကြောင်း၊ ဒါပေမဲ့ မီးသတ်တပ်ဖွဲ့မှာ ကရိန်း တစ်စင်းမှ မရှိခဲ့ကြောင်းလည်း မြို့ခံ တစ်ဦးက ပြောပါတယ်။ မီးလောင်မှု ဖြစ်ပွားချိန်မှာ လေတိုက်ခတ်မှုလည်း ပြင်းထန်နေတာကြောင့် မီးကူးစက်မှုကို ပိုမို မြန်ဆန်စေခဲ့ကြောင်း သိရပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ဖွိုင်ဖက်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ မီးငြှိမ်းဖို့အတွက် မီးသတ် ဝန်ထမ်း ၃၀၀ လောက်နဲ့ မီးသတ်ကား ၁၁ စီး၊ ရဟတ်ယာဉ် တချို့ကိုပါ အသုံးပြုခဲ့ရပါတယ်။

ဟိုတယ်ရဲ့ ဖွဲ့စည်းပုံအရ စင်္ကြန်လမ်းတွေက ကျဉ်းမြောင်းပြီး ရှုပ်ထွေးတာကြောင့်လည်း ဧည့်သည်တွေ လွတ်မြောက်အောင် ထွက်ပြေးရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက မှတ်ချက် ပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...