Connect with us

Hi, what are you looking for?

သတင်း

နမခမှ ထွက်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာတစ်ဦးသေ

မဟာမိတ်တပ်ဖွဲ့များသည် ရှိသည့်လက်နက်ဖြင့် စစ်ကောင်စီတပ်အား တိုက်ခိုက်သွားမည်ဟု Chindwins Brothers အဖွဲ့က အသိပေးထားသည်။

ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers
ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်အား မုံရွာ – ဘုတလင် လမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးကြောင်း Chindwins Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အင်အား ၆၃ဦးဖြင့် ဘုတလင်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ဘုတလင်မြို့အနီး မြို့၏တောင်ဘက် (၁)မိုင်ခန့်အကွာ သားရိုးကုန်းရွာအရှေ့ဘက်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ရရှိသွားသည်ဟု ဒေသသတင်းအမြစ်အရ သိရကြောင်း Chindwins Brothers အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သေဆုံးသွားသော စစ်သားကို ဘုတလင်သုဿန်၌ နေ့ချင်းသင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။

ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers
ထိုမိုင်းကွင်းအား လွန်ခဲ့သောတစ်လကျော်ကတည်းက ပြင်ဆင်ထားခဲ့စဥ်၊ ဓာတ်ပုံ-Chindwins Brothers

အဆိုပါ မိုင်းကွင်းသည် လွန်ခဲ့သောတစ်လကျော်ကတည်းက မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မိုင်းအလုံး ၂၀ ဖြင့် ဆင်ထားခဲ့သော်လည်း ရက်ကြာမြင့်မှုကြောင့် မိုင်းကြိုးများပြတ်နေသဖြင့် မိုင်းအားလုံး မကွဲခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးအား ဗိုလ်တိုက်မောင်းပြောက်ကျားတပ်ဖွဲ့၊ တပင်ရွှေထီးဆံရှည် ပြောက်ကျားတပ်ဖွဲ့၊ Anonymous Heros ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံ ပကဖ ဦးဆောင်ကာ ချိုမိုင်မိုင်(ယင်းမာပင်-ကနီ)နှင့် Chindwins Brothers မဟာမိတ်အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မဟာမိတ်တပ်ဖွဲ့များသည် ရှိသည့်လက်နက်ဖြင့် စစ်ကောင်စီတပ်အား တိုက်ခိုက်သွားမည်ဟု Chindwins Brothers အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။