Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် တစ်နှစ်အတွင်း ကလေး ၁၆၀ ကျော် သေဆုံး

ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေး ကော်မတီက ကလေးတွေအပေါ် ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ဘေးကင်းကင်းနဲ့ ပို့ဆောင်နိုင်ဖို့အတွက် တောင်းဆိုထားခဲ့ဖူးကြောင်းလည်း သိရပါတယ်။

အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် တစ်နှစ်အတွင်း ကလေး ၁၆၀ ကျော် သေဆုံး
အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် တစ်နှစ်အတွင်း ကလေး ၁၆၀ ကျော် သေဆုံး

အာဏာသိမ်း စစ်တပ်ရဲ့ လက်ချက်ကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေး ၁၆၀ ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ စစ်တပ် လက်ပါးစေတွေ လက်ချက်ကြောင့် အသက်ဆုံးရှုံးရတဲ့ ကလေး အရေအတွက်ဟာ ၇၈ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ထုတ်ပြန်တဲ့ ကိန်းဂဏမ်းတွေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် တစ်နှစ်အတွင်း ကလေး ၁၆၀ ကျော် သေဆုံး
အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် တစ်နှစ်အတွင်း ကလေး ၁၆၀ ကျော် သေဆုံး

NUGက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ ယုံကြည်ထိုက်တဲ့ အနေအထားမျိုး ရှိနေတယ်လို့ International Crisis Groupရဲ့ မြန်မာ့အရေး အကြီးတန်း အကြံပေး အရာရှိ သောမတ်စ် ကီယန်က မှတ်ချက် ပေးခဲ့ပါတယ်။

အခုနှစ်အတွင်း ပဋိပက္ခတွေကြောင့် ကလေးတွေ အသေအပျောက် ပိုများလာရာမှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုက အဓိက အကျဆုံး အကြောင်းတရားတစ်ခု ဖြစ်နေတယ်လို့ လေ့လာသူတွေက ဆန်းစစ် သုံးသပ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်အတွင်း စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စစ်ဘက်၊ အရပ်ဖက် မခွဲတော့ဘဲ အကြမ်ူဖက်ပစ်ခတ်တာတွေ ပိုများပြားလာကြောင်း NUGရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးများဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး ကီယန်က ဆက်ပြောပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖြစ်စဉ်တစ်ခု အနေနဲ့ စက်တင်ဘာလတုန်းက စစ်ကိုင်းတိုင်းလက်ယက်ကုန်းရွာက ကျောင်းတစ်ကျောင်းကို အာဏာသိမ်း စစ်ကောင်စီ တပ်တွေက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေး တစ်ဒါဇင်လောက် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လက်နက်ကြီးကြောင့် သေဆုံးရတဲ့ ကလေးတွေ အများအပြား ရှိခဲ့ပြန်ပါတယ်။ နောက်ပြီး ၂၀၂၁ ခုနှစ်၊ ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ အော့နှလုံးနာစရာ မိုဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးမှာလည်း စစ်သားတွေ လက်ချက်နဲ့ ကလေးတချို့ သေဆုံးခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် တစ်နှစ်အတွင်း ကလေး ၁၆၀ ကျော် သေဆုံး
အာဏာသိမ်းစစ်တပ် လက်ချက်ကြောင့် တစ်နှစ်အတွင်း ကလေး ၁၆၀ ကျော် သေဆုံး

ဇွန်လတုန်းက ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ အာဏာသိမ်းမှုနောက်ပိုင်း ကလေးငယ်တွေ ဖမ်းဆီး ညှင်းဆဲ နှိပ်စက်ခံရတဲ့ အရေအတွက်က ၁၄၂ ဦးထက်မနည်း ရှိခဲ့ပြီး ၁၄၀၀ လောက် အဓမ္မ ဖမ်းဆီးခံထားရကြောင်း ဖော်ပြပါရှိနေပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဒီဇင်ဘာ ၂၇ ရက်ထိ ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂၆၆၀ ထက် မနည်းကို သတ်ဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တပ်ရဲ့ တိုက်ရိုက် အကြမ်းဖက်မှုအပြင် စစ်ဒဏ်ကြောင့် အာဟာရ မပြည့်ဝတဲ့၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပညာသင်ကြားခွင့် မရတဲ့ ကလေးတွေ အများအပြား ရှိနေပြီး ကလေးငယ် ၅.၆ သန်းလောက်ဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေး ကော်မတီက ကလေးတွေအပေါ် ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ဘေးကင်းကင်းနဲ့ ပို့ဆောင်နိုင်ဖို့အတွက် တောင်းဆိုထားခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။