Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့တွင် စစ်ကောင်စီတပ်သား သုံးဦးအားတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ – လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်သား သုံးဦးအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁ရက်) နံနက် ၆ နာရီ ၄၀မိနစ်အချိန်ခန့်က မြင်းမူမြို့ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပြင်ပသို့ထွက်လာ‌သော စစ်သား သုံးဦးအား လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက်တွင် ပဒေသာမိုင်း နှစ်လုံးဖြင့် လျှပ်တပျက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာအပြင်းထန်ရရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“သူတို့ကခြေကျင်ထွက်လာတာ။ အဲနားမှာ ရဲစခန်းတို့ လွတ်လပ်ရေးကျောက်တိုင်တို့က ကပ်နေတာ။ မနက်သူတို့အပြင်ထွက်တုန်း အစ်အငိုက်လုပ်လိုက်တာပါ။ ပါဆယ်လို့လည်းခေါ်တယ်။ စနစ်တကျထည့်ပြီးတော့ လမ်းဘေးချပြီးတော့ သူတို့ရောက်တဲ့အချိန်မှာ အတိအကျဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာပါ။”ဟု ကိုသက်ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် TRUE Fighter အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်တွင် မြို့ပေါ်၌လည်းကောင်း၊ မုံရွာ – လမ်းပိုင်း၌လည်းကောင်း စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။