Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရီယို ရဲတပ်ဖွဲ့ရဲ့ မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေးမှာ လူ ၂၅ ဦးသေဆုံး

ဘရာဇီး နိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း တစ်ခုကို ဝင်ရောက် စီးနင်းတဲ့ စစ်ဆင်ရေးအတွင်း ရဲတစ်ဦး အပါအဝင် လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။

မေလ ၆ ရက်က ရီယိုဒီ ဂျနေးရိုး မြို့မှာရှိတဲ့ ကျူးကျော် ရပ်ကွက် တစ်ခုထဲကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဘရာဇီးမှာ ကပ်ရောဂါ ကူးစက်မှုတွေ မြင့်မားနေတဲ့ ကာလအတွင်း အထူးတလည် အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် ရဲတပ်ဖွဲ့က စစ်ဆင်ရေးတွေ မလုပ်ဖို့ ဘရာဇီး တရားရုံးချုပ်က ညွှန်ကြားထားပါတယ်။

ဂျကာရီဇင်ဟို ရပ်ကွက်ထဲမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ ရီယိုမြို့ သမိုင်းမှာ သွေးမြေအကျဆုံး စစ်ဆင်ရေးတစ်ခု ဖြစ်ခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရီယိုရဲတပ်ဖွဲ့နဲ့ မူးယစ်မှောင်ခို ဂိုဏ်းတွေကြား ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ပိုမိုမြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် တစ်ခုတည်းမှာတင် ရီယိုမြို့ တည်ရှိရာ ရီယိုဒီဂျနေရိုး ပြည်နယ်မှာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေအတွင်း သေဆုံးသူ ၁၂၀၀ ကျော် ရှိခဲ့ပါတယ်။

မေလ ၆ ရက်က ဖြစ်စဉ်မှာတော့ ရဲတပ်ဖွဲ့ ၂၀၀ လောက်ကို အသုံးပြုခဲ့ပြီး ရပ်ကွက်ထဲမှာ ဘက်ပေါင်းစုံ ပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ လူ ၆ ဦးကို ဖမ်းမိပြီး သေနတ် အလက် ၂၀ နဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း ရပ်ကွက် ဒေသခံတွေအပေါ် ရဲတပ်ဖွဲ့က အနိုင်အထက် ပြုမူတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပြီး ဒီကိစ္စကိုတော့ အစိုးရအဖွဲ့က သီးခြား စုံစမ်း စစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။