Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းတွင်း ပစ်ခတ်မှုအပြီး လက်နက် ကိုင်ဆောင်မှု စည်းမျဉ်းတွေ တင်းကျပ်ဖို့ ရုရှား အစိုးရ ညွှန်ကြား

ကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ပြည်တွင်းမှာ လက်နက် ကိုင်ဆောင်ခွင့် သတ်မှတ်ချက်တွေ တင်းကျပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမိန့်ထုတ်လိုက်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းက ကာဇန်မြို့က ကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုက ရုရှား တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ရဲတွေက အသက် ၁၉ နှစ်အရွယ် အီလ်နက်ဇ် ဂယ်လ်ယာဗစ်ဗ်ကို အဓိက တရားခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပြီး အမှုကို ဆက်လက် စုံစမ်းနေဆဲပါ။

ဂယ်လ်ယာဗစ်ဗ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၇ ဦးနဲ့ လူကြီး ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဦးရေက ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်လု ကုသမှု ခံယူနေရသူတွေလည်း ပါဝင်ပါတယ်။ ပစ်ခတ်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

စုံထောက်တွေရဲ့ အဆိုအရ ဂယ်လ်ယာဗစ်ဗ်မှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ရထားပြီး ရူဘယ်လ်ငွေ နှစ်သောင်းတန် အော်တိုမက်တစ် ပြောင်းတို သေနတ်တစ်လက်ကို ဝယ်ယူလာခဲ့တယ်လို့ သိရပါတယ်။ ဒီသေနတ်မျိုးက ရုရှားမှာ ဝယ်ရလွယ်ပြီး စျေးသက်သာတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီသေနတ်မျိုးကို အသုံးပြုပြီး ၂၀၁၈ တုန်းကလည်း ခရိုင်းမီးယားက ကောလိပ်တစ်ခုမှာ ကျောင်းသားတစ်ယောက်က လူပေါင်း ၂၀ ကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ဖူးပါတယ်။

အခုအခါမှာ ရုရှား အစိုးရက အမဲလိုက်ရာမှာ အသုံးပြုတဲ့ သေနတ်တွေနဲ့ အော်တိုမက်တစ် ချေမှုန်းရေး ရိုင်ဖယ်တွေ ဝယ်ယူခွင့်၊ ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး ပိုမို တင်းကျပ်ဖို့ တာဝန်ရှိသူတွေဆီ အမိန့်ပေးလိုက်ပါပြီ။ လက်နက် ဝယ်ယူခွင့် လိုင်စင် လျှောက်ထားသူတွေရဲ့ နောက်ကြောင်း ရာဇဝင်ကို ပိုမို ကြပ်မတ် စစ်ဆေးဖို့၊ လက်နက် ကိုင်ဆောင်ခွင့် လိုင်စင်ရဲ့ အသက်ကန့်သတ်ချက်ကို လက်ရှိ ၁၈ နှစ်ကနေ မြှင့်တင်ဖို့လည်း လွှတ်တော် အမတ်တွေက အကြံပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားမှာ လက်နက် ထိန်းချုပ်ရေးကိစ္စ တောင်းဆိုမှုတွေ အရင်ကတည်းက ရှိခဲ့ပေမယ့် မှောင်ခိုစျေးကွက် အရောင်းအဝယ်တွေကတော့ တွင်ကျယ်နေဆဲပါ။ ဒီအခြေအနေဟာ ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခတွေနဲ့ ဆက်နွှယ်ပြီး ပိုမို ကျယ်ပြန့်လာတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဂျာမနီ အစိုးရ အဓိပတိ ရောက်ရှိချိန်မှာတောင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ် ရဟတ်ယာဉ် တစ်စီးဟာ အချင်းချင်း မှားယွင်းပစ်ချမှုကြောင့် ပျက်ကျခဲ့ပြီး အမှုထမ်း ၃ ဦးစလုံး သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ယူရယ်လ် တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိရာ ဒေသတစ်ခုမှာ ရုရှားစစ်တပ်ရဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ပူတင်ကိုယ်တိုင် သွားရောက် ကွပ်ကဲ ကြည့်ရှုခဲ့ပါတယ်။

Trending

Facebook