Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂွာတီမာလာ ထောင်ဆူမှုမှာ အကျဉ်းသား ၅ ဦး ခေါင်းဖြတ် အသတ်ခံရ

ဂွာတီမာလာ နိုင်ငံက အကျဉ်းထောင် တစ်ခုမှာ ရာဇဝတ် ဂိုဏ်းအချင်းချင်း တိုက်ခိုက်ရာကနေ အကျဉ်းသား ၅ ဦး ခေါင်းဖြတ် အသတ်ခံခဲ့ရပါတယ်။

ကွက်ဇယ်လ်တန်နန်ဂိုက အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ပြိုင်ဘက် ဂိုဏ်းနှစ်ခုက ဂိုဏ်းသားတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရာက ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ ဆူပူ အုံကြွမှုတွေ ဖြစ်ခဲ့တဲ့နောက် အကျဉ်းသား ၇ ဦးသေဆုံးကြောင်း၊ ၅ ဦးက ခေါင်းဖြတ် သတ်ခံရတာဖြစ်ကြောင်း အမည်ဖော်မပြတဲ့ ရဲအရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။

ဂွာတီမာလာ စီးတီး မြို့တော်ကနေ ကီလိုမီတာ ၂၀၀ လောက် အကွာအဝေးမှာ တည်ရှိတဲ့ အကျဉ်းထောင်ဟာ လူ ၅၀၀ လောက်သာ ဝင်ဆံ့ဖို့ တည်ဆောက်ထားပေမယ့် လက်ရှိမှာ လူပေါင်း ၂၀၀၀ ကျော်ကို စုပြုံ ထိန်းသိမ်းထားပါတယ်။

ထောင်အာဏာပိုင်တွေက အကြောင်းကြား အကူအညီ တောင်းခံခဲ့တဲ့နောက် ရဲတပ်ဖွဲ့ဝင် ၅၀၀ လောက် ထောင်ကို သွားရောက်ပြီး လုံခြုံရေး စောင့်ကြပ်ပေးခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။

ကနဦး သိရှိထားတာကတော့ ရာဇဝတ် ဂိုဏ်းဝင် တစ်ဦးရဲ့ ဇနီး သတ်ဖြတ်ခံရမှုကို အကြောင်းပြုပြီး ပြဿနာ စတင်ခဲ့တာလို့ သိရပါတယ်။ ဂွာတီမာလာမှာ ရန်လို အကြမ်းဖက်မှုတွေကြောင့် တစ်နှစ်ကို လူပေါင်း ၃၅၀၀ ဝန်းကျင်လောက် သေဆုံးလေ့ရှိပြီး ထက်ဝက်လောက်က ရာဇဝတ် ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သတင်း

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။