အောက်တိုဘာ ၃၀၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၃ဦးကို လွှတ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
အောက်တိုဘာ ၂၅ရက်မှာ ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၆) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့နေနဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာ လွှတ်ပေးတာ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ ဘယ်လိုအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်တယ်ဆိုတာတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
အကျဉ်းသား ၅၃ဦးကို KIOက ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ရာ အဲဒီအထဲက ၂၃ဦးကို လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန် ၃၀ဦးကို ကျန်ရှိပြစ်ဒဏ်တွေ ဆက်လက်ကျခံစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
ပြစ်ဒဏ်လျှော့ပေါ့ လွှတ်ပေးခံရတဲ့ အကျဉ်းသားတွေ အနေနဲ့ နောင်မှာ တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ အကယ်၍ လုပ်ဆောင်ခဲ့ရင် အရင်ကျန်နေတဲ့ ပြစ်ဒဏ်တွေကိုပါ ကျခံရမယ်လို့ ခံဝန်ကတိရေးထိုးခဲ့ရကြောင်းလည်း အသိပေးထားပါတယ်။
KIO/KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်အချို့ဟာ သူတို့ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေမှာ အခုလို အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုးတွေ လုပ်ဆောင်လေ့ရှိပါတယ်။




















































