Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ် လေပိုင်နက်နားကို စံချိန်တင် အရေအတွက်ထိ တရုတ် စစ်လေယာဉ်တွေ ချဉ်းကပ်ပျံသန်း

ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန်ထဲကို တရုတ်လေတပ်ရဲ့ J-16 တိုက်လေယာဉ် ၁၄ စီး၊ J-11 တိုက်လေယာဉ် ၆ စီးနဲ့ နျူကလီးယား လက်နက်တွေ တင်ဆောင်နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်ကြီး ၄ စီးတို့ စုဝေး ဝင်ရောက်ခဲ့ပါတယ်။

ထိုင်ဝမ် လေပိုင်နက်နားကို တရုတ် စစ်လေယာဉ်တွေ စံချိန်တင် အရေအတွက်ထိ ချဉ်းကပ် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

အရင်ကတည်းက တရုတ်ရဲ့ လေယာဉ်နဲ့ ရေယာဉ်တွေဟာ ထိုင်ဝမ် ပိုင်နက် ရေပြင်နားထိ မကြာခဏ ချဉ်းကပ်ပြီး အင်အားပြလေ့ ရှိပါတယ်။ ဒါပေမဲ့ ဇွန်လ ၁၅ ရက်မှာတော့ တစ်နေ့တာအတွက် စံချိန်တင် အရေအတွက်အဖြစ် တရုတ်စစ်လေယာဉ် ၂၈ စီးထိ စုဖွဲ့ ပျံသန်းလာတာ တွေ့ရကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန်ထဲကို တရုတ်လေတပ်ရဲ့ J-16 တိုက်လေယာဉ် ၁၄ စီး၊ J-11 တိုက်လေယာဉ် ၆ စီးနဲ့ နျူကလီးယား လက်နက်တွေ တင်ဆောင်နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်ကြီး ၄ စီးတို့ စုဝေး ဝင်ရောက်ခဲ့ပါတယ်။ ကျန်တဲ့ လေယာဉ်တွေထဲမှာ ရေငုပ်သင်္ဘောဖျက် လေယာဉ်၊ အီလက်ထရောနစ် စစ်ဆင်ရေး လေယာဉ်နဲ့ လေကြောင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး အချက်ပြ ရေဒါ လေယာဉ်တွေ ပါရှိခဲ့ပါတယ်။

ဧပြီ ၁၂ ရက်တုန်းက ထိုင်ဝမ် လေပိုင်နက်နားမှာ တရုတ် စစ်လေယာဉ် ၂၅ စီးထိ ချဉ်းကပ် ပျံသန်းခဲ့ဖူးပြီး အခုတစ်ကြိမ်ကတော့ အရေအတွက် စံချိန်သစ်လို့ ဆိုရမှာပါ။ ထိုင်ဝမ် လေတပ်ဟာ တိုက်လေယာဉ်တွေ အရေးတကြီး ပျံတက်စေပြီး တရုတ်လေတပ်ရဲ့ လှုပ်ရှားမှုတွေကို ကြားဖြတ် စောင့်ကြည့်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် စစ်အင်အားသုံး ကျူးကျော် သိမ်းပိုက်ဖို့ လက်တွန့်နေမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ဖို့ပဲ လိုလားနေပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။