Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွေးနွေးပွဲ အတွက်ရော၊ စစ်ပွဲအတွက်ပါ ပြင်ဆင်ထားရမယ်လို့ ကင်မ်ဂျုံအန်းပြော

မြောက်ကိုရီးယားဟာ စေ့စပ် ဆွေးနွေးမှုတွေကို ကြိုဆိုမှာ ဖြစ်သလို စစ်မက်ရေးရာ အတွက်လည်း ပြင်ဆင်ထားဖို့ လိုတယ်လို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ကင်မ်က အခုလို မိန့်ခွန်း ပြောခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဇွန်လ ၁၈ ရက်မှာ ဖော်ပြသွားပါတယ်။ မြောက်ကိုရီးယားနဲ့ ခါးသီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ အစိုးရသစ် ပြောင်းလဲလာတဲ့နောက် လိုက်လျောညီထွေ ရှိမယ့် မူဝါဒမျိုး ဖော်ဆောင်ရမယ်လို့ ကင်မ်က ဆိုပါတယ်။

အမေရိကန် အစိုးရနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဟာ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်းကိုရော၊ စစ်အင်အား တည်ဆောက်မှုမှာပါ လမ်းဖွင့်ထားရမယ်လို့ ကင်မ်က ပြောပါတယ်။ ကင်မ်က မြောက်ကိုရီးယားရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့၊ ငြိမ်းချမ်းမှုကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ဖို့ အလုံးစုံ ပြင်ဆင်ထားရမယ်လို့ လမ်းညွှန်ထားကြောင်း KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။

ကင်မ်ဟာ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးအတွက် ပိုပြီး အာရုံစိုက် ဆောင်ရွက်နေမယ်လို့လည်း ဆိုပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်နေတဲ့ အမေရိကန် အစိုးရဟာ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ မူဝါဒမျိုး ကျင့်သုံးနေကြောင်း မြောက်ကိုရီးယားဖက်က အစောပိုင်းမှာ စွပ်စွဲ ဝေဖန်ထားခဲ့ပါတယ်။ ၂၀၁၉ တုန်းက ဘိုင်ဒန် သမ္မတ မဖြစ်ခင် လွှတ်တော် အမတ် ဘဝမှာ မြောက်ကိုရီးယားက ဘိုင်ဒန်လို လူစားကို တုတ်နဲ့ အသေ ရိုက်သတ်သင့်ကြောင်း တိုက်ခိုက် ပြောဆိုခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းရေးနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တုန်းက ဆွေးနွေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဖျားရှူးသွားခဲ့ပါတယ်။ အဲဒီတုန်းက ထရမ့်နဲ့ ကင်မ်တို့ဟာ လူချင်းတွေ့ဆုံ ညှိနှိုင်းတဲ့ အဆင့်ထိ ရောက်ခဲ့ပေမယ့် ရလဒ်တွေတော့ မကောင်းခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လမှာ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက သူဟာ မြောက်ကိုရီးယားဖက်က နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ခိုင်မာတဲ့ အစီအမံတွေ မရှိသ၍ ကင်မ်နဲ့ လူချင်းတွေ့ဆုံမှာ မဟုတ်ကြောင်း အသိပေး ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။