Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ စက်ရုံမီးလောင်ပြီး လူ ၅၀ ကျော် သေဆုံး၊ စက်ရုံပိုင်ရှင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယန်ဂန့်ဂျ် ဒေသရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ဇိုင်ဒူလ် အာလမ်က စက်ရုံပိုင်ရှင် အပါအဝင် လူ ၈ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့ပါတယ်။ အဖမ်းခံထားရသူတွေ အနေနဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရတဲ့ထိ မီးပေါ့ဆမှုအတွက် စွဲချက်တင် ခံရဖွယ် ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မီးလောင်မှုဖြစ်လို့ လူ ၅၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ စက်ရုံပိုင်ရှင်ကို ရဲတွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နာရာယန်ဂန့်ဂျ် ဒေသရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ဇိုင်ဒူလ် အာလမ်က စက်ရုံပိုင်ရှင် အပါအဝင် လူ ၈ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့ပါတယ်။ အဖမ်းခံထားရသူတွေ အနေနဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရတဲ့ထိ မီးပေါ့ဆမှုအတွက် စွဲချက်တင် ခံရဖွယ် ရှိနေပါတယ်။

ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းက ရူးပ်ဂန့်ဂျ်မြို့မှာရှိတဲ့ ဖျော်ရည်ဘူး စက်ရုံတစ်ခုမှာ မီးလောင်ခဲ့တာပါ။ Hashem စားသောက်ကုန် ကုမ္ပဏီပိုင် ၆ ထပ် အဆောက်အအုံရဲ့ မြေညီထပ်က မီးစတင် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ အဲဒီ အဆောက်အအုံထဲမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ၊ ဓာတု ထုတ်ကုန်တွေ သိုလှောင်ထားတာကြောင့် အခြေအနေတွေ ပိုပြီး ဆိုးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ လူ ၅၂ ဦးထက်မနည်း သေဆုံးကြောင်း အတည်ပြုထားပြီး ဒဏ်ရာရသူက ၅၀ ဝန်းကျင် ရှိခဲ့ပါတယ်။ ဆေးရုံ ရောက်နေသူတွေထဲမှာ အခြေအနေ ဆိုးရွား ပြင်းထန်သူတွေ ပါဝင်နေတယ်လို့လည်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မျက်မြင်တွေရဲ့ အဆိုအရ မြေညီထပ်မှာ မီးလောင်ပြီး ပိတ်မိနေချိန် အမိုးပေါ်ကနေ ကြောက်အားလန့်အား ခုန်ချလို့ လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ မီးငြိမ်းသွားပြီးနောက် ပြန်ရလာတဲ့ အလောင်း အများစုက ဘယ်သူဘယ်ဝါ ခွဲခြားလို့ မရတော့တဲ့ထိ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းထားတာကိုလည်း တွေ့ရပါတယ်။

အဆောက်အအုံရဲ့ အထပ်တိုင်းဟာ စတုရန်းပေ သုံးသောင်းခွဲလောက်စီ ကျယ်ဝန်းပြီး အလုပ်သမား အများအပြား ရှိပေမယ့် အရေးပေါ် အခြေအနေမှာ ထွက်ပြေးဖို့ လှေကားက နှစ်ခုသာ ရှိခဲ့ပါတယ်။ဒါကြောင့်လည်း မီးက ခပ်မြန်မြန် ကူးစက်လာချိန်မှာ အလုပ်သမား တော်တော်များများက ထွက်ပြေးဖို့ အချိန် မရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က မီးလောင်မှု အကြောင်းရင်းနဲ့ အသေအပျောက် အရမ်းများသွားတဲ့ ကိစ္စတွေအတွက် စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လုပ်ငန်းခွင် လုံခြုံရေး အစီအမံ အားနည်းချက်တွေကြောင့် အရင်ကလည်း ဆိုးရွားတဲ့ စက်ရုံ မီးလောင်မှုတွေ ကြုံခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်ကဆိုရင် ဒါကာ မြို့တော်မှာ အထည်ချုပ် စက်ရုံကြီး တစ်ခုလုံး မီးလောင်သွားပြီး လူပေါင်း ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။