Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ရေယာဉ်နှစ်စီး တိုက်မိပြီး လူ ၂၀ ကျော် သေဆုံး

ခရီးသည် ၆၀ လောက် တင်ဆောင်လာတဲ့ ရေယာဉ်ဟာ သဲတွေအပြည့် တင်ဆောင်လာတဲ့ ကုန်တင်စက်လှေနဲ့ တိုက်မိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခရီးသည်တင် ရေယာဉ်နဲ့ ကုန်တင်ရေယာဉ် တိုက်မိပြီး လူပေါင်း ၂၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ဩဂုတ် ၂၇ ရက်က ဘီယွိုင်နာဂါ မြို့ထဲက ရေကန်တစ်ခုမှာ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ခဲ့တာပါ။ ခရီးသည် ၆၀ လောက် တင်ဆောင်လာတဲ့ ရေယာဉ်ဟာ သဲတွေအပြည့် တင်ဆောင်လာတဲ့ ကုန်တင်စက်လှေနဲ့ တိုက်မိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ကုန်တင်ရေယာဉ်တွေရဲ့ သံမဏိ အစွန်းတွေက ခရီးသည်တင် ရေယာဉ် ကိုယ်ထည်ကို ဖောက်ဝင်သွားပြီး ခရီးသည်တင် ရေယာဉ်က လုံးဝ နစ်မြုပ်သွားခဲ့ပါတယ်။ ဩဂုတ် ၂၈ ရက်ထိ အလောင်း ၂၁ လောင်းကို ရှာတွေ့ထားပြီး အမျိုးသမီး ၉ ဦးနဲ့ ကလေး ၆ ဦး ပါဝင်ကြောင်း ဒေသခံ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒေသခံတွေ စုပေါင်းကယ်ဆယ်ခဲ့ကြတဲ့ထဲက ၇ ဦးကို ဆေးရုံ ပို့ဆောင်ထားပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။ ရေကန်ထဲမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲပါ။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေက ရေယာဉ်နှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ဆက်လက် စုံစမ်းနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရေကြောင်း မတော်တဆမှု သတင်းတွေက မကြာခဏ ကြားနေ မြင်နေရကျ ကိစ္စမျိုးတွေလို့ ဆိုနိုင်ပါတယ်။

ဧပြီနဲ့ မေလတွေတုန်းက သီးခြားဖြစ်စဉ်တွေမှာ လှေနှစ်စီး နစ်မြုပ်ပြီး လူပေါင်း ၅၄ ဦး သေဆုံးခဲ့ဖူးပါတယ်။ မနှစ်က ဇွန်လမှာလည်း ကူးတို့ရေယာဉ်နှစ်စီး တိုက်မိရာက ၃၂ ဦး သေဆုံးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ရေလမ်းခရီးကို အတော်လေး တွင်တွင်ကျယ်ကျယ် အသုံးပြုနေပေမယ့် လုံခြုံရေး အစီအမံတွေ အားနည်းတာ၊ ပြုပြင်ထိန်းသိမ်းမှုတွေ ညံ့ဖျင်းတာ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မတော်တဆမှုတွေ မကြာခဏ ကြုံနေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။