Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် ကလေး ၁၀၀၀ ကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

မတ်လကစလို့ ဘင်္ဂလားဒေ့ရှ်မှာ ကလေးတွေ ဝက်သက်ရောဂါ ကူးစက်ခံရမှုတွေ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ ဝက်သက်ကာကွယ်ဆေး ထိုးနှံမှု အစီအမံတွေ ပျက်ကွက်မှုဟာ အခုလိုမျိုး ဆိုးရွားတဲ့ သေဆုံးမှု အရေအတွက် ကိန်းဂဏန်းမျိုး ရောက်လာစေတဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

လူဦးရေ သန်းပေါင်း ၁၇၀ လောက် နေထိုင်ရာ အာရှတောင်ပိုင်း နိုင်ငံမှာတော့ စက်တင်ဘာ ၉ ရက်နေ့ထိ အခြေအနေအရ အခုနှစ်အတွင်း ဝက်သက်ရောဂါ ကူးစက်ခံရတဲ့ ကလေးငယ် ၁၈၇၄၈၄ ဦး ရှိခဲ့ပြီး ၁၀၀၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ သေနှုန်းအမြင့်ဆုံး ဝက်သက်ကူးစက်မှုလည်း ဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဝက်သက်ဟာ အရမ်းကူးစက်လွယ်တဲ့ ရောဂါတစ်မျိုးပါ။ နှာချေတာ၊ ချောင်းဆိုးတာမျိုးတွေကနေ ဝက်သက် ဗိုင်းရပ်စ်က ပျံ့နှံ့လေ့ရှိပါတယ်။ ကူးစက်ခံရရင် ဖျားနာတာ၊ ချောင်းဆိုးတာ၊ မျက်လုံးတွေနီပြီး နာကျင်တာ၊ နှာရည်ယိုတာ၊ အရေပြားမှာ အဖုအပိန့်ထွက်တာတွေ လက္ခဏာပြပြီး ပြင်းထန်တဲ့ အခြေအနေမှာ ဦးနှောက်ရောင်ရမ်းတာနဲ့ အသက်ရှူ ကျပ်တာမျိုးတွေပါ ဖြစ်ပေါ်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်သက် ကာကွယ်ဆေး မထိုးဖူးသူတွေ၊ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အာဟာရ ချို့တဲ့သူတွေနဲ့ ဆေးဝါးတွေ သွင်းရလို့ ခုခံအား ကျနေသူတွေဟာ ရောဂါကူးစက်နိုင်ခြေ ပိုမြင့်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ကလေးတွေအတွက် ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်တွေကို အပူတပြင်း ဆောင်ရွက်နေတဲ့တိုင် ဝက်သက်ကူးစက်မှုက ကျဆင်းမသွားသေးဘူးလို့လည်း သိရပါတယ်။ ကျန်းမာရေးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဇာဟစ်ဒ် ရိုင်ဟန်းက ပြည်တွင်းမှာ ကလေး ၁၈ သန်းထိ ဝက်သက်ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ပေမယ့် လူစုလူဝေးနဲ့ ခုခံအား တည်ဆောက်မှု herd immunity ရနိုင်တဲ့ ပမာဏမျိုးထိ မရောက်သေးကြောင်း ပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ စာရင်းတွေအရ ဝက်သက်ကာကွယ်ဆေး ထိုးနှံသင့်တဲ့ အခြေအနေမှာ ဆေးမထိုးဖြစ်ခဲ့တဲ့ ကလေးငယ် ၄ သန်းလောက် ရှိနေကြောင်း သိရပါတယ်။ အဲဒီအခြေအနေကပဲ ကူးစက်ရောဂါကို တားဆီးရာမှာ လစ်ဟာမှု ဖြစ်ပြီး လက်ရှိ ကူးစက်မှုတွေကို အားဖြည့်ပေးရာ ရောက်နေတယ်လို့ ဆိုပါတယ်။

ဝက်သက်ရောဂါကို အမြစ်ဖြတ် ရှင်းပစ်ဖို့တော့ မဖြစ်နိုင်သေးကြောင်း၊ လောလောဆယ်မှာ ဦးစားပေး ဆောင်ရွက်ရမှာက သေဆုံးမှုကို လျှော့ချနိုင်ဖို့ပဲ ဖြစ်ကြောင်း၊ အစိုးရ အနေနဲ့ ကလေးတွေကို ကာကွယ်ဆေး ဆက်ထိုးပေးနေမှာဖြစ်ကြောင်း ရာဟန်းက ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။