Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နိုင်ငံ ဆီချွမ်ဒေသမှာ ငလျင်လှုပ်ပြီး လူ ၃ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၁၆ ရက်က ဆီချွမ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တဲ့ မြေတိမ်ပိုင်း ငလျင် အမျိုးအစားလို့ သိရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၆.၀ အဆင့် ငလျင်တစ်ခု လှုပ်ခတ်လို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၃ ဦးထက်မနည်း အသက် ဆုံးရှုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်က ဆီချွမ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တဲ့ မြေတိမ်ပိုင်း ငလျင် အမျိုးအစားလို့ သိရပါတယ်။ မြေတိမ်ပိုင်းကို ဗဟိုပြုတဲ့ ငလျင်တွေဟာ မြေမျက်နှာပြင်ပေါ်မှာ ထိခိုက်ပျက်စီးမှုတွေ ပိုမို ဖြစ်ပေါ်စေတတ်ပါတယ်။

တရုတ် အစိုးရ မီဒီယာတွေက ငလျင်ကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး ၉၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသွားပါတယ်။ လူဇူးမြို့က လုရှန်မြို့နယ်ဟာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး နေအိမ် အဆောက်အအုံတချို့ ပြိုကျခဲ့ပါတယ်။

ပြီးတော့ ဓာတ်တိုင်တွေ ပြိုလဲပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက ပြိုကျနေတဲ့ အဆောက်အအုံတွေဆီ အဆောတလျင် သွားရောက်ပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေ ရှိမရှိ လိုက်လံ စစ်ဆေးနေကြောင်း သိရပါတယ်။ ငလျင်ဘေးသင့် ဒေသက လူပေါင်း ၃၂၀၀ ကိုတော့ ယာယီ ခိုလှုံရေး စခန်းတွေဆီ ရွှေ့ပြောင်းပေးထားရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံ အနောက်ပိုင်းဟာ ငလျင်လှုပ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားတဲ့ ဒေသတစ်ခုပါ။ ၂၀၀၈ ခုနှစ်၊ မေလတုန်းက ဆီချွမ်မှာ ရစ်ချ်တာစကေး ၇.၉ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၉ သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။